Miss Grand International ပြိုင်ပွဲမှာ နိုင်ငံအတွက် ဆုမယူလာနိုင်ခဲ့လို့ စိတ်မကောင်း ဖြစ်ရသူ Mဂျာဆိုင်း


Miss Grand International 2014 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့သူ Mဂျာဆိုင်းက မြန်မာနိုင်ငံကို အောက်တိုဘာလ ၉ရက်နေ့ က ပြန်လည် ရောက်ရှိခဲ့ပါတယ်။ Miss Grand Myanmar 2014 အလှမယ် Mဂျာဆိုင်းက မြန်မာပြည် အတွက် ဆုတစ်ဆုမှ သယ်မလာနိုင် ခဲ့ပေမယ့် ပြိုင်ပွဲ မှာ တာဝန်ကျေပွန်စွာနဲ့ နိုင်ငံကို ကိုယ်စားပြု ပြီး အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပါတယ်။

မန်မာပြည်ကို ပြန်ရောက်တဲ့ အခါမှာ Miss Grand Myanmar တာဝန်ဖြစ်တဲ့ Stop the War အတွက် ပညာပေး လုပ်ငန်းတွေနဲ့ ပရဟိတ လုပ်ငန်းတွေကို Organization နဲ့ အတူ တစ်နှစ်တာ တာဝန် ထမ်းဆောင် သွားမှာဖြစ်ကြောင်းကို အလှမယ် Mဂျာဆိုင်းက “မြန်မာ နိုင်ငံ အတွက် ဘာဆုမှ မယူပေးနိုင်ခဲ့လို့ စိတ် မကောင်းပါဘူး။ အများကြီး ကြိုးစားခဲ့ပါတယ်။ ပရိသတ် တွေ အားလုံးကို တအား ကျေးဇူးတင်ပါတယ်။ အမြဲ အားပေးနေတဲ့ သူတွေလည်း ဆက်ပြီး အားပေး ပါလို့ ပြောချင်ပါတယ်။ Stop the War နဲ့ ပတ်သက်တဲ့ ပရဟိတတွေ၊ ပြီးတော့ အခြား ပရဟိတ တွေကိုရော လုပ်ဆောင် သွားမှာပါ။ အမြဲတမ်းလည်း ကြိုးစားနေပါမယ်။ အခုပြန်လာပြီ ဆို တော့ ပရဟိတလေးတွေ လုပ်ဖို့ ရှိပါတယ်”လို့ ပြောပြခဲ့ပါတယ်။

0 comments:

Post a Comment