လူရှစ်ဦး သေဆုံးခဲ့ရသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆောက်လုပ်ရေး လုပ်သားများ အဓိကရုဏ်း


တရုတ်နိုင်ငံ အနောက် တောင်ပိုင်းရှိ ယူနန်ပြည်နယ် တွင် အောက်တိုဘာ ၁၄ ရက်က ဆောက်လုပ်ရေး လုပ်သားများ နှင့် ရွာသားများ အကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာ လူ ရှစ်ဦးသေဆုံး ခဲ့ကြောင်း ဒေသတွင်း အာဏာပိုင် အဖွဲ့က ပြောကြားချက်ကို ဆင်ဟွာ သတင်းဌာနက ကိုးကား၍ ဖော်ပြ ခဲ့သည်။

အဆိုပါ အဓိကရုဏ်း များသည် ပြည်နယ်မြို့တော် ကူမင်း ၊ ကျင်းနင်ခရိုင် ရှိ ဖူယူကျေးရွာ တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး (ပုံ) သေဆုံးသူများ ရှစ်ဦးအနက် ခြောက်ဦးမှာ ဆောက်လုပ်ရေး လုပ်သားများ ဖြစ်ကြောင်း ခရိုင် အစိုးရက ပြောကြား ခဲ့သည်။

အဆိုပါ အဓိကရုဏ်းများ အတွင်း အနည်းဆုံး လူ ၁၈ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ၄င်းတို့အနက် ၁ဝ ဦးကို ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ရကြောင်း သိရသည်။ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့သူများ အနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန် ကြောင်းနှင့် အဆိုပါ အဓိကရုဏ်းများ စတင်ဖြစ်ပွား ရသည့် အကြောင်းရင်း ကို ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေး လျက် ရှိကြောင်းလည်း သိရသည်။

ယင်း အဓိကရုဏ်း ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ တာဝန်ရှိ သူများကို အာဏာပိုင် များက ပြင်းထန်စွာ ပြစ်ဒဏ် ချမှတ်မည်ဟု ပြောကြား ထားကြောင်း သိရသည်။

PyiChitThar

0 comments:

Post a Comment