အမေရိကန်သတင်းထောက် နှစ်ဦးနှင့် ဗြိတိန်နိုင်ငံမှ ကူညီပေးရေး ၀န်ထမ်းတစ်ဦးကို ခေါင်းဖြတ်ကွပ်မျက်သည့် ဗီဒီယိုပြကွက်၌ ပါဝင်သူကို FBI ဖော်ထုတ်

ISIS EXECUTIONER IDENTIFIED, FBI CHIEF SAYS


ဝါရှင်တန် ၊ ၂၇-၉-၂၀၁၄

အမေရိကန် သတင်းထောက် နှစ်ဦးနှင့် ဗြိတိန်နိုင်ငံမှ အကူအညီ ပေးရေး ဝန်ထမ်းတစ်ဦး ကို ခေါင်းဖြတ် ကွပ်မျက်သည့် ဗီဒီယို ပြကွက်၌ ပါဝင်သည့် စစ်သွေးကြွမှာ မည်သူ ဖြစ်ကြောင်းကို အက်ဖ်ဘီအိုင် အဖွဲ့က ဖော်ထုတ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အမေရိကန် သတင်းထောက် နှစ်ဦးကို သတ်ဖြတ်သည့် ဗီဒီယို ပြကွက်တွင် ပါဝင်သည့် စစ်သွေးကြွသည် ဗြိတိန် လေယူလေသိမ်း ဖြင့် အင်္ဂလိပ်စကားကို ပြောကြား လေ့ရှိပြီး ၄င်း ပြောကြားသည့် လေယူလေသိမ်း အရ အဆိုပါ စစ်သွေးကြွမှာ ဗြိတိန်နိုင်ငံ တောင်ပိုင်းမှ ဖြစ်ဟန်ရှိကြောင်း အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး ဂျိမ်းစ်ကိုမေ က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြား ခဲ့သည်။

သို့ရာတွင် အဆိုပါ စစ်သွေးကြွ ၏ အမည်နှင့် နိုင်ငံသားကိုမူ ၄င်းက ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ဥရောပနိုင်ငံ တစ်နိုင်ငံမှ ထွက်ပေါ်လာသည့် သတင်းများ အရ ဗီဒီယိုပြကွက် တွင် ဓားကိုင်လျက် ရပ်နေသည့် စစ်သွေးကြွမှာ လန်ဒန်မြို့မှ ဖြစ်နိုင်ဖွယ် ရှိသည့်အပြင် အာရှနိုင်ငံ တစ်နိုင်ငံမှ ဗြိတိန်နိုင်ငံ အတွင်းသို့ ဝင်ရောက် အခြေချ နေထိုင်သည့် မျိုးနွယ်စုဝင် တစ်ဦး ဖြစ်ကြောင်း သိရသည်။

အမေရိကန် အာဏာပိုင် များသည် အဆိုပါ စစ်သွေးကြွမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို ဗြိတိန် ထောက်လှမ်းရေး အဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင် ပြီးနောက် ရှာဖွေတွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

ယင်း စစ်သွေးကြွ အဖွဲ့သည် အမေရိကန် သတင်းထောက် နှစ်ဦးအပြင် အရှေ့ အလယ်ပိုင်းဒေသ တွင်း၌ အကူအညီ ပေးရေး လုပ်ငန်းများတွင် ပါဝင်လျက် ရှိသည့် စကော့တလန် မှ ဒေးဗစ်ဟိန်းစ် ကို သတ်ဖြတ် ခဲ့ကြောင်း သိရသည်။

PyiChitThar

0 comments:

Post a Comment