တိမ်ဖုံးနေတဲ့ မျက်လုံးသူငယ်အိမ်ကို အောင်မြင်စွာတက်တူးထိုးနိုင်ခဲ့




ယနေ့ခေတ်ရေစီးကြောင်းအတိုင်း လူငယ်တွေအကြားမှာ ပေါ်ပြူလာအဖြစ် ဆုံးတစ်ခုကတော့ တက်တူးပါပဲ။ အရင်က တက်တူးထိုးနေကျနေရာတွေမှာ မဟုတ်တော့ပဲ လူမြင်နိုင်တဲ့နေရာတွေဖြစ်တဲ့ ခြေတွေလက်တွေအပြင်မျက် နှာတစ်ပြင်လုံးနဲ့
ဖ်ာချွတ်လှစ်ဟပြနိုင်တဲ့ တင်သား၊ရင်သား၊ ၀မ်းဗိုက်ပိုင်း သား စသဖြင့် ထိုးလို့ရသမျှနေရာတွေကို ဆန်းသစ်တဲ့ တက်တူးဒီဇိုင်းမျိုးစုံ ကို ပုံဖော်ပြီးထိုးလာကြပါတယ်။ 
အခုလည်း နယူးယောက်က အသက် ၅၈ နှစ်အရွယ်အမျိုးသားတစ်ဦးက သားတစ်ဦးက ငယ်စဉ်ကလေးကတည်းက မတော်တဆထိခိုက်မှုကြောင့် ဘယ်လက်မျက်လုံးက တိမ်စွဲခဲ့ရမှ ယခုအသက်ကြီးလာချိန်တွင် တဖြည်း ဖြည်းအဖြူရောင် တစ်ခုလုံးဖုံးအုပ်နေတဲ့အတွက် မျက်လုံးသူငယ်အိမ်ပေါ် မှာတက်တူးအမဲရောင်ကို ခက်ခက်ခဲခဲထိုးလိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ 
ဝီလျံရဲ့ ကြည့်မကောင်းအောင်ဖြူဖွေးနေတဲ့ ဒီမျက်လုံးကို ထိခိုက်ဒဏ်ရာ ရရပြီးချင်း ဆေးပစ္စည်းမျိုးစုံနဲ့ကုသခဲ့သော်လည်းပဲ သက်သာလာခြင်းမရှိ ကြောင်းနဲ့ တဖြည်းဖြည်းပိုမိုဆိုးရွားလာခဲ့ခြင်းကနေမှ အခုဆိုရင် အမြင်အာ ရုံကိုတောင် ဝေေ၀၀ါးဝါးဖြစ်နေခဲ့တာကို တက်တူးထိုးလိုက်တဲ့အတွက် အ မြင်အတွက် အနည်းငယ်ကြည့်ရကောင်းသွားတယ်နဲ့မယုံကြည်နိုင်လောက် အောင်ကိုဖြစ်ခဲ့ရတယ်ကြောင်း ဆိုပါတယ်။ 
ဆရာဝန် ဒေါက်တာချန်းကလည်း သူ့ရဲ့ဒီလိုခွဲစိတ်မှုမျိုးကို တစ်ခါမှ မလုပ် ဖူးသေးတဲ့အတွက် အခက်အခဲတွေရှိကြောင်းနဲ့လွန်ခဲ့တဲ့ ခြောက်လကတည်း က ဆေးစစ်ချက်တွေနဲ့ ဂရုစိုက်မှုတွေ၊ စိတ်အားထက်သန် ယုံကြည်မှုတွေ ကို လူနာရှင်နဲ့အတူတူ ကြိုးစားဖြတ်သန်းလေ့ကျင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဖိုးသူတော်

0 comments:

Post a Comment