စီရော်နယ်ဒိုကို မန်ယူပြန်လည်ခေါ်ယူလိုပါက ပေါင်သန်း ၁၄၀ ကျော် ကုန်ကျမည်



မန်ယူအသင်းသည် ရီးရဲလ် မက်ဒရစ်မှ ၎င်း၏တိုက်စစ်မှူး ဟောင်း စီရော်နယ်ဒိုကို ပြန် လည်ခေါ်ယူခဲ့ပါက ပြောင်းရွှေ့ ကြေး ပေါင်သန်း ၆၀ အပြင် ကစားသမား၏ တစ်နှစ်လုပ်ခလစာ ပေါင်သန်း ၂၀ အပါအ၀င် ပေါင် သန်း ၁၄၀ ကျော်အထိ သုံးစွဲရ ဖွယ်ရှိကြောင်း သိရသည်။ ရော် နယ်ဒိုသည် ရီးရဲလ်တွင် မပျော်မ ရွှင်ဖြစ်နေရာ မန်ယူသို့ ပြန်လာရန်ဆန္ဒရှိနေပြီး မန်ယူနည်းပြ ဗန်ဂါး ကလည်း ၎င်းအားခေါ်ယူရန် ဆန္ဒ ရှိကြောင်း ပြောကြားထားသည်။ ရော်နယ်ဒို၏ ကိုယ်စားလှယ်များ က မန်ယူအသင်းထံမှ တစ်ပတ် လုပ်ခလစာ ပေါင် ၃၈၅,၀၀၀ နှင့် ညီမျှသော ပမာဏကို တောင်းဆို ဖွယ်ရှိနေသည်။ မန်ယူသည် နည်း ပြဟောင်း မိုရက်စ်လက်ထက်က ရော်နယ်ဒိုအား ပြန်လည်ခေါ်ယူ ရန် ကြိုးပမ်းခဲ့သော်လည်း မ အောင်မြင်ခဲ့ပေ။

ရီးရဲလ်ဥက္ကဋ္ဌ ပီ ရက်ဇ်ကလည်း အသင်းအတွက် ပြိုင်ပွဲစုံ ၂၆၄ ဂိုး သွင်းယူပေးထား သော ရော်နယ်ဒိုကို ၂၀၁၅ နွေရာသီတွင် ရောင်းချသွားဖွယ်ရှိကြောင်း သိရသည်။ မန်ယူသည်ယခုနွေရာသီတွင်လည်း ရီးရဲလ်တောင်ပံကစားသမား ဒီမာရီယာကို စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ခေါ်ယူခဲ့ပြီး အငှားခေါ်ယူထားသော တိုက်စစ်မှူး ဖယ်ကာအိုကိုလည်း တစ်ပတ်လုပ်ခလစာပေါင်၂၆၅,၀၀၀ အထိ ပေးချေနေရသည်။

—Ref: Dailymail

0 comments:

Post a Comment