သမ္မတကြီးထံမှ ထောက်ပံ့ဆုရသည်ဟု ဆိုကာ တောင်တွင်းကြီးတွင် ငွေကျပ် ၂၂သိန်း လိမ်လည်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ တောင် တွင်းကြီးမြို့နယ်တွင် နိုင်ငံတော် သမ္မတကြီးထံမှ ထောက်ပံ့ဆုသုံးဆု ချီးမြှင့်သည်ဟုဆိုကာ ဖုန်းဖြင့်ဆက် သွယ်၍ငွေကျပ် ၂၂ သိန်းလိမ်လည် မှုတစ်ခုကို တောင်တွင်းကြီး မြို့မရဲ စခန်းတွင် အမှုဖွင့်တိုင်ကြားထား ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် တိုက် ပွဲကျေးရွာနေ မမိုးမိုးထံသို့စက်တင် ဘာ ၁၂ ရက် နံနက် ၁ဝနာရီ ခွဲတွင် ရန်ကုန်မြို့ ဘဏ္ဍာရေးနှင့်အခွန်ဦး စီးဌာန ဝန်ကြီး ဦးစောဝင်းထွန်းဆိုသူ အမည်ဖြင့်လည်းကောင်း၊ နံနက် ၁၁ နာရီအချိန်တွင် နေပြည်တော် မြန်မာ့ဆက်သွယ်ရေးမှ ဝန်ကြီး ဦးကိုကိုဦး အမည်ဖြင့်လည်းကောင်း၊ မွန်း လွဲ၂နာရီခန့်တွင် ဦးသူရအောင်အ မည်ဖြင့် လည်းကောင်းဖုန်းဖြင့် ဆက် သွယ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် ပြည်တွင်းအခွန်ဦး စီးဌာနသို့ နိုင်ငံတော်သမ္မတကြီးမှ ထောက်ပံ့ဆု သုံးဆုပေါင်း ကျပ်သိန်း ၆၃ဝဝ ချီးမြှင့်ပြီး ယင်းတို့အနက်မှ ငွေကျပ်သိန်း ၂၁ဝဝကို မမိုးမိုးမှ ဆွတ်ခူးရရှိကြောင်း အကြောင်း ကြားခဲ့သည်ဟု ဆိုသည်။

''ကျွန်မရရှိတဲ့ဆုငွေကို အမြန် ဆုံးထုတ်ယူနိုင်ဖို့အတွက် အခွန်ကျ သင့်ငွေတစ်ရာမှာ ၂ကျပ်နှုန်းနဲ့ ကျပ် ၂၂သိန်းကို တောင်တွင်းကြီး ရိုးမဘဏ်ကနေ ဦးသူရအောင်ဆီ ရန် ကုန် မင်္ဂလာဈေးနားက ရိုးမဘဏ်ကို လွှဲပေးဖို့ပြောလို့ လွှဲပေးလိုက်တယ်။ ကျွန်မရမယ်ဆိုတဲ့ သိန်း ၂၁ဝဝ က တော့ အဲဒီနေ့ညနေမှာပဲ ရိုးမဘဏ် ကနေ ရောက်လာလိမ့်မယ်ဆိုလို့ စောင့်ခဲ့တာ။ ဒီနေ့အထိရောက်မလာ ပါဘူး။ ဒါကြောင့် ရဲစခန်းမှာ တိုင် ရတာပါ။ ဝန်ကြီးလို့ဆိုတော့ ယုံမိတာ ပါ' ဟု မမိုးမိုးကပြောသည်။

မမိုးမိုး၏တိုင်ကြားချက်နှင့်ပတ် သက်ပြီး တောင်တွင်းကြီးမြို့မရဲစခန်း မှ (ပ)၂၃ဝ/၂ဝ၁၄၊ ပြစ်မူပုဒ်မ-၄၂ဝ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

''ဒီလိုအဖြစ်အပျက်တွေက ရိုးနေပြီလို့တောင် ပြောရမှာပါ။ လုပ် တဲ့သူက လုပ်ရဲသလောက်ခံတဲ့သူ ကလဲ ခံရဲလွန်းပါတယ်။ မီဒီယာတွေ ကလည်း ဒီလိုအဖြစ်အပျက်မျိုးတွေ ကို ဂျာနယ်တွေမှာ သတင်းရယူဖော် ပြနေတာပါပဲ။ စာမဖတ်ကြတဲ့အကျိုး ဆက်တွေပေါ့။ အဓိကကတော့ လောဘစိတ်ကို အသုံးချသွားတာ ပါ'' ဟု မကွေးတိုင်းဒေသကြီးတရား လွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိုး ကမှတ်ချက်ပြုသည်။

NC (MMK)
Yangon Media Group

0 comments:

Post a Comment