မန္တလေးတိုင်းဒေသကြီး ရမည်း သင်းမြို့ မြို့မရပ်ကွက်ကြီး အုန်းပင် ရပ် မြကျွန်းသာလမ်း အိမ်အမှတ် မ/၄၈၆ ဒေါ်ခင်အုံးဆင့်၏ အိမ်ဝိုင်း အနောက်တောင်ထောင့်တွင် ဆယ် သွယ်ရေးတာဝါတိုင်စိုက်ထူရန် စက် တင်ဘာ၂၆ ရက် ညနေ ၅ နာရီက ၂၆ ပေ ပတ်လည်အကျယ်၊ အနက် ခုနစ်ပေရှိ မြေကျင်းတူးနေစဉ် အနက် လေးပေခန့်အရောက်တွင် အရှည် ၁ဝ လက်မ၊ လုံးပတ် သုံး လက်မခန့်ရှိသော စစ်ကျန်ဗုံးသီး ဟောင်းတစ်လုံး တွေ့ရှိခဲ့သည်ဟု သိရသည်။
မြေကျင်းတူးဖော်စဉ် စတင်တွေ့ ရှိသူ ကိုအောင်နိုင်က သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားရာ မြို့မ ရဲတပ်ဖွဲ့ စခန်းမှူး ဒုတိယရဲမှူး ကျော် ကိုကို၊ ဒုရဲအုပ်နိုင်လင်း၊ မြို့မအုပ်ချုပ် ရေးမှူး ဦးခိုင်ထွန်းအောင်၊ ရာအိမ် မှူး ဦးအေးလွင်နှင့် တာဝန်ရှိသူများ သည် ယင်းတွေ့ရှိရာနေရာသို့ အချိန် နှင့်တစ်ပြေးညီ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဆောင်ရွက်ကာ တွေ့ရှိသောဗုံးသီးဟောင်းကို သက် ဆိုင်ရာသို့ သွားရောက်အပ်နှံခဲ့ ကြောင်း သိရသည်။
Myanmaalinn

Yangon
0 comments:
Post a Comment