အမျိုးသမီးတစ်ဦးအားခေါင်းဖြတ်သတ်ပြီးကျန်တစ်ဦး အားဓားနှင့်ထိုး

ဖြစ်စဉ်အကျဉ်း
အလုပ်မှအထုတ်ခံရသော အယ်လ်တန်
နို
လန်သည် စက်ရုံအတွင်းရှိ အလုပ်သမား
များအား ဓားတစ်ချောင်းဖြင့် ရမ်းကားခဲ့သည်။
၎င်းမှ အသက် ၅၄ နှစ် အရွယ် အမျိုးသမီး
ကိုလင် ဟဖ်ဖို့အား ခေါင်းဖြတ်သတ်ခဲ့သည်။ 


ထို့နောက် အသက် ၄၃ နှစ် အရွယ် အမျိုးသမီး ထရေစီ ဂျွန်ဆင်အား ဓားနှင့်ထိုးနေစဉ် စက်ရုံမှုး မာ့ ဗောင်း နှင့် ရဲတစ်ဦးမှ ၎င်းအား သေနတ်နှင့် ပစ်ခတ်ပြီး ရမ်းကားမှုကို ရပ်တန့်စေနိုင်ခဲ့ကြသည်။

ယခုအခါ ကျူးလွန်သူ နိုလန်ရော ဓားနှင့်ထိုးခံရသူ ထရေစီ ဂျွန်ဆင်ပါ ဆေးရုံ၌ အခြေအနေကောင်းသည်။ ရမ်းကားမှုအတွင်း အခြား စက်ရုံအလုပ်သမား ရာပေါင်းများစွာလည်း ဒဏ်ရာရရှိခဲ့ကြသည်။ အမှုကို FBI က စုံစမ်းစစ်ဆေးနေသည်။

နိုလန်၏ လုပ်ဖော်ကိုင်ဖက်များက နိုလန်သည်မကြာသေးမီအချိန်ကစပြီး ၎င်း၏ အပေါင်းအသင်းများကို အစ္စလာမ်ဘာသာသို့ ပြောင်းလဲကိုးကွယ်စေရန် ကြိုးစားနေသည်ဟု ပြောကြားခဲ့ကြသည်။


ကျူးလွန်သူအမည် - အယ်လ်တန် နိုလန်

အမှုအမျိုးအစား - အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်ပြီး ကျန်တစ်ဦးအား ဓားနှင့်ထိုးမှု

နေရာ - အမေရိကန်နိုင်ငံ၊ ဥက္ကလာဟိုးမား အစားအစာထုတ် စက်ရုံတစ်ခုအတွင်း

အချိန် - ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့ (ကြာသပတေးနေ့) ညနေ ၄ နာရီခန့်

မျိုးမင်းသန့်  ဘာသာပြန်သည်
မူရင်းလင့်
http://news.sky.com/story/1342728/oklahoma-beheading-fired-mans-knife-rampage

0 comments:

Post a Comment