ဘာလော့တယ်လီ ဆွာရက်ဇ်ကဲ့သို့ ကမ္ဘာ့အဆင့်ဖြစ်လာနိုင်ကြောင်း ဘရန်ဒန်ရော်ဂျာပြော




လီဗာပူးသို့ ယခုရာသီတွင် ယူရို သန်း ၂၀ ဖြင့် ပြောင်းရွှေ့လာသော အီတလီတိုက်စစ်မှူး ဘာလော့တယ်လီသည် အသင်းမှ ဘာစီလိုနာသို့ ပြောင်းသွားသော ဆွာရက်ဇ်ကဲ့သို့ပင် ကမ္ဘာ့အဆင့်ကစားသမားတစ်ဦး ဖြစ်လာနိုင်ကြောင်း နည်းပြဘရန်ဒန်ရော်ဂျာက ထုတ်ဖော်ပြောကြားလိုက် သည်။

‘‘ဆွာရက်ဇ်က အသင်းမှာ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်မြှင့်တင်သွားခဲ့တာပါ။ သူ ဒီကိုရောက်လာတုန်းက ကမ္ဘာ့အဆင့်ကစားသမား မဟုတ်သေးပါဘူး။ ဒါပေမဲ့ ဘာစီလိုနာကို ထွက်သွားတော့ ကမ္ဘာ့အဆင့်ဖြစ်သွားပြီ။ ဘာကြောင့်လဲဆိုတော့ ဂိုးတွေသွင်းပြီး စွမ်းဆောင်ရည်ကို အမြင့်ဆုံးမှာ ထိန်းထားနိုင်တဲ့ အဆက် မပြတ် ကြိုးစားမှုကြောင့်ဖြစ်ပါ တယ်။ ဒါကြောင့် အဲဒီနေရာမှာနေနိုင်တာပဲပေါ့။ မာရီယိုဟာလည်း ကမ္ဘာ့အဆင့်ဖြစ်လာမယ့်အလားအလာရှိပါတယ်။ သူ့ကို ဆွာရက်ဇ်နဲ့ မနှိုင်းယှဉ်နိုင်ပေမယ့် နိုင်ငံတကာတိုက်စစ်မှူးတစ်ဦးအ နေနဲ့ အရည်အသွေးရှိပါတယ်’’ဟု ရော်ဂျာကဆိုသည်။

ဘာလော့တယ်လီ(၂၄) နှစ်သည် လီဗာပူးသို့ ရောက်ရှိခဲ့ပြီးနောက် သုံးပွဲကစားထားသော် လည်း ဂိုးသွင်းနိုင်ခြင်း မရှိသေး ပေ။ လီဗာပူးသည် ယနေ့ညတွင် မာဆေးဆိုက်ဒါဘီပွဲအဖြစ် အဲဗာတန်ကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်သည်။

—Ref: Goal

0 comments:

Post a Comment