ဟောင်ကောင်မှာ ဒီမိုကရေစီ ထောက်ခံတဲ့ကျောင်းသားတွေက အစိုးရရုံးချုပ်ကို ၀င်စီးဖို့ ကြိုးစားစဉ်မှာ ရဲအဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ဟောင်ကောင်ကို ဒီမိုကရေစီအပြည့်အ၀ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြသမားတွေကို ရဲက ငရုတ်ကောင်းရည်တွေကိုနဲ့ ပက်ပြီး လူစုခွဲပါတယ်။ အခု ထိပ်တိုက်တွေ့မှုဟာ သြဂုတ်လက ဟောင်ကောင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တရုတ်ကွန်မြူနစ်ပါတီက ဆုံးဖြတ်တဲ့နောက် အပြင်းထန်ဆုံး ဆန္ဒပြပွဲဖြစ်ပါတယ်။
စက်တင်ဘာလ ၂၆ ရက်နေ့ညပိုင်းမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းအထိ ကျောင်းသား တထောင်လောက်ဟာ အစိုးရရုံးချုပ် အပြင်ဘက်မှာ ဆက်ရှိနေပါတယ်။
ရုံးချုပ် ၀င်းထဲမှာတော့ ဆန္ဒပြသမား ၁၀၀ လောက် ဆက်ရှိနေပါတယ်။ အခု ဆန္ဒပြပွဲဟာ ဒီမိုကရေစီလိုလားတဲ့ ကျောင်းသားတွေ အတန်းမတက်ဘဲ တပတ်ကြာ သပိတ်မှောက်တဲ့ ဆန္ဒပြပွဲရဲ့ အဆက်ဖြစ်ပါတယ်။
စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း ဟောင်ကောင်အုပ်ချုပ်ရေးမှူးရဲ့ အိမ်ဝင်းအပြင်ဘက် မှာလည်း ကျောင်းသား ၂၀၀ လောက် သပိတ်စခန်းဖွင့်ပြီး အုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံခွင့် တောင်းဆိုခဲ့ပါတယ်။
By ဒီဗွီဘီ
0 comments:
Post a Comment