ကမ္ဘာ့ ခြေထောက် အရှည်ဆုံး မော်ဒယ်



အသက် (၂၆) နှစ်ရှိနေပြီ ဖြစ်တဲ့ ဘောလီဘော ကစားသမားဟောင်း ဘရွတ်ဘန်ဟာ နယူးယော့ခ်မြို့ရဲ့ ခြေထောက် အရှည်ဆုံး အဖြစ် သတ်မှတ်ခံထား ရပြီး မော်ဒယ်အဖြစ် လုပ်ကိုင်လျက် ရှိပါတယ်။ အရပ် (၅)ပေ၊ (၁၁) လက်မ ရှိတဲ့ ဘရွတ်ဘန်ကာရဲ့ ခြေထောက်ဟာ တင်ပါးကနေ စတင်တိုင်းတာမယ် ဆိုရင် (၄၇) လက်မ အထိရှိပါတယ်။ ဘရွတ်ဘန်ကာရဲ့ ခြေထောက် အရှည်ဟာ ဗြိတိန်မော်ဒယ် ရော်ဘတ်ဆန်နဲ့ အတူတူဖြစ်နေ တာကလည်း ထူးခြား တိုက်ဆိုင်မှု ဖြစ်ခဲ့ပါတယ်။ ရွှေရောင် ဆံပင်နဲ့ ဘရွတ်ဘန်ကာဟာ မော်ဒယ်အဖြစ် လုပ်ကိုင်ဖို့ ဆုံးဖြတ်ပြီးတဲ့ နောက်ပိုင်းမှာ အခက်အခဲ မျိုးစုံနဲ့ ကြုံတွေ့ခဲ့ ရပါတယ်။

ရှည်လျားတဲ့ ခြေထောက်ကြောင့် ပုံစံ အမျိုးမျိုးနဲ့ သရုပ်ဆောင်ရာမှာ ပြဿနာ မျိုးစုံ ကြုံတွေ့ရပြီး အ၀တ်စား ထပ်ခြင်း၊ ခရီးသွား လာခြင်း၊ ချစ်သူ ရှာဖွေခြင်းတို့ မှာလည်း အဆင်မပြေမှုတွေ ဖြစ်ခဲ့ပါတယ်။ ဘရွတ်ဘန်ကာ က ခရီးရှည်သွားတဲ့ အခါတိုင်း အမြဲကြုံရတဲ့ ပြဿနာက ကျွန်မ ခြေထောက်နဲ့ သက်တောင့် သက်သာ ဖြစ်စေမယ့် ထိုင်ခုံ မရှိခြင်း ဖြစ်ပါတယ်။ အ၀တ်အစား ကိုယ်နဲ့ ကိုက်ညီမယ့် ဟာကို စိတ်ရှည်လက်ရှည် ရှာဖွေရ ပါတယ်။ ကျွန်မကို ချဉ်းကပ်တဲ့ ယောက်ျားတွေ ရှိပေမယ့် အဆင်မပြေတာက များပါတယ် လို့ ဖွင့်ဟခဲ့ပါတယ်။ ဘရွတ်ဘန်ကာ ဟာ မော်ဒယ် အေဂျင်စီ တစ်ခုနဲ့ တွဲပြီး အလုပ်လုပ်နေပြီး ရှည်လျားတဲ့ ခြေထောက်ကြောင့် စိတ်ဝင်စားမှုခံခဲ့ ရတယ်လို့ သိရပါတယ်။

ဘရွတ်ဘန်ကာ ရက်သတ္တပတ်တိုင်း အားတဲ့ အချိန်မှာ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်လေ့ရှိ ပါတယ်။ ဘရွတ်ဘန်ကာ ဟာ လေကြောင်း သိပ္ပံ ဘာသာရပ်နဲ့ ဒီဂရီရထားသူ ဖြစ်ပြီး လေကြောင်း ထိန်းသိမ်းရေး မျှော်စင်မှာ ၀န်ထမ်းအဖြစ် လုပ်ကိုင်နိုင်တဲ့ အရည်အချင်း ကိုလည်း ပိုင်ဆိုင်ထားပါ တယ်။ ဘရွတ်ဘန်ကာက ရုပ်သံ အစီအစဉ်မှာ ပါဝင်ချင်တဲ့ ဆန္ဒရှိနေပြီး ရှည်လျားတဲ့ ခြေထောက် ပိုင်ဆိုင်ထားခြင်းကြောင့် ဂုဏ်ယူမိတယ်လို့ ဆိုခဲ့ပါ တယ်။ လက်ရှိ ကမ္ဘာ့ ခြေထောက် အရှည်ဆုံးအဖြစ် သတ်မှတ်ခံထား ရသူက ရုရှားနိုင်ငံက အမျိုးသမီး ပန်စရာတိုဗာ ဖြစ်ပြီး ခြေထောက် အရှည်က (၅၁ ဒသမ ၉) လက်မ အထိရှိတယ်လို့ သိရပါတယ်။

Messenger

0 comments:

Post a Comment