ဖမ်းဆီးခံ ဂျပန်နိုင်ငံသားများနှင့် စပ်လျဉ်း၍ ဆွေးနွေးရန် ဂျပန်ကိုယ်စားလှယ် အဖွဲ့ မြောက်ကိုရီးယား သို့ရောက်ရှိ



မြောက်ကိုရီးယား ထောက်လှမ်းရေး တပ်ဖွဲ့ဝင် များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဂျပန် နိုင်ငံသားများ အရေးနှင့် စပ်လျဉ်း၍ ယင်းနိုင်ငံ အစိုးရအဖွဲ့နှင့် ဆွေးနွေးရန် ဂျပန် နိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ သည် ယမန်နေ့တွင် မြောက်ကိုရီးယား နိုင်ငံသို့ ရောက်ရှိ လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဂျပန်နိုင်ငံသား များကို မြောက်ကိုရီးယား ထောက်လှမ်းရေး အဖွဲ့က ၁၉၇ဝ ပြည့်နှစ်များ နှင့် ၁၉၈ဝ ပြည့်နှစ်များ အတွင်း ဖမ်းဆီး ပြန်ပေးဆွဲ ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဖမ်းဆီးခံ ရသူများ အနက်မှ အသက်ရှင် ကျန်ရစ်သူ အနည်းဆုံး ၁၂ ဦး သို့မဟုတ် ၁၂ ဦး ထက်ပိုသည့် ဂျပန် နိုင်ငံသား များကို ပြန်လည် ကယ်ဆယ် နိုင်မည်ဟု ဂျပန်အစိုးရ က မျှော်လင့်လျက် ရှိသည်။ 

မြောက်ကိုရီးယား အစိုးရသည် ဂျပန် နိုင်ငံသား များကို ဖမ်းဆီးခဲ့ခြင်း နှင့်စပ်လျဉ်း၍ သဘောတူ ဝန်ခံထားပြီး ယင်းကိစ္စ ကို ပြန်လည် စစ်ဆေးပေးရန် အစောပိုင်းက သဘောတူညီ ခဲ့သည်။ ထို့ပြင် ဖမ်းဆီးခံ ထားရသူများ အနက်မှ ငါးဦးကို ၂ဝဝ၂ ခုနှစ်တွင် ဂျပန်နိုင်ငံ သို့ ပြန်လည် လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံထား ရသည့် ဂျပန်နိုင်ငံသား များသည် ယခုအခါ မြောက်ကိုရီးယား နိုင်ငံအတွင်း အသက်ရှင် ကျန်ရှိ နေသေးသည်ဟု ဂျပန်အစိုးရ က ယူဆလျက် ရှိကြောင်း သိရသည်။

PyiChitThar

0 comments:

Post a Comment