ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် အီလက်ထရွန်နစ် ငွေကြေးကောက်ခံမှု စနစ် ပြောင်းလဲလုပ်ဆောင်သွားမည်

ရန်ကုန်-မန္တလေး အမြန်လမ်းမ တွင် လက်ရှိအသုံးပြုလျက်ရှိသည့် ငွေကြေးကောက်ခံမှု စနစ် အစား အီလက်ထရွန်နစ် ငွေကြေးကောက်ခံ မှုစနစ် (Electronic Toll Collection)အဖြစ် ပြောင်းလဲ အသုံးပြုနိုင်ရန် အတွက် နိုဝင်ဘာလမှ စတင်၍ လေ့လာ ဆန်းစစ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

အီလက်ထရွန်နစ် ငွေကြေးကောက်ခံမှု စနစ်ကို အသုံးပြုနိုင်ရန်အတွက် အဆိုပါစနစ်ဖြင့် ချိတ်ဆက်ထားသော ဘဏ်များတွင် ကြိုတင် ငွေပေးထားရမည် ဖြစ်ပြီး လမ်းကြေးကောက်ခံမည့် ငွေကြေးများကိုလည်း ဘဏ်မှတစ်ဆင့် ပေးသွင်းသွားရမည် ဖြစ်သောကြောင့် Credit ကတ်စနစ်ကို အသုံးပြုကာ လုပ်ဆောင်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ ငွေ ကြေးကောက်ခံမှုစနစ်ကို လုပ်ဆောင်ရန် စိတ်ဝင်စားနေသည့် ပြည်တွင်း ပြည်ပ ကုမ္ပဏီ အများအပြားရှိနေပြီး အဆိုပါ အီလက်ထရွန်နစ် ငွေကြေး ကောက်ခံမှု လုပ်ဆောင်မည့် ကုမ္ပဏီများအနေဖြင့် ယခုနှစ်အောက်တိုဘာလကုန်အထိ လုပ်ငန်းဆောင်ရွက်မည့် အချိန်ကာလ၊ လုပ်ငန်းဆောင်ရွက်မည့် နည်းပညာများ၊ လုပ်ငန်းတွင် အသုံးပြုမည့် ပစ္စည်းများ၊ ကုမ္ပဏီ မှတ်ပုံတင်နှင့် အတွေ့အကြုံများအား အဆိုပြု တင်သွင်းခြင်းများကို လက်ခံသွားမည် ဖြစ်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမရှိ တိုးဂိတ်များ၌ ငွေကြေးပေး ဆောင်မှုများတွင် အချိန်နှင့် ခရီးကြန့်ကြာမှုများ မရှိစေရန်နှင့် ငွေကြေးကွာဟမှု ပြဿနာများ မရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် အီလက်ထရွန်နစ် ငွေကြေး ကောက်ခံမှုစနစ်ကို အမြန်ဆုံး အကောင်အထည်ဖော်ပြောင်းလဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar

0 comments:

Post a Comment