ငယ်ငယ်ရွယ်ရွယ်နဲ့ အလှမယ်ကလေးဖြစ်လာတဲ့ (၁၉)လသမီးလေး Bobbi

ပြီးခဲ့သည့် ငါးလကမှ လမ်းလျှောက်သင်ခါစ (၁၉)လအရွယ် သမီးကလေးဟာ အခုတော့ အလှမယ်ကလေးဖြစ်လို့ နေချေပြီ။


ဗြိတိန်နိုင်ငံ Essex မှ Colchester တွင် နေထိုင်သော (၁၉)လသမီးကလေး Bobbi Boyden ဟာ ပြိုင်ပွဲဝင်တဲ့စင်ပေါ်မှ တင်ကလေးလှုပ်ကာ လက်ကလေးပြကာဖြင့် ဒိုင်များ၏အချစ်စုပုံ၍ သူမပါရမီဖြင့် အနိုင်ဆုရယူနိုင်ခဲ့တာပါ။


Beyonce ငယ်စဉ်တုန်းကလို ငယ်ငယ်ကလေးဖြင့် အကဝါသနာပါခဲ့သော Bobbi ကလေးက စင်ပေါ်တွင် ကပြဖျော်ဖြေခဲ့ကြောင်းလည်း သိရသည်။ သူမဟာ Beyonce ၏ သီချင်းများကို ကြည့်ရှုခဲ့ပြီး ထိုထဲမှ အကများကို ကူးယူခဲ့သူကလေးလည်း ဖြစ်သည်။



အသက်(၂၈)နှစ်အရွယ် စစ်သားဖခင် နှင့် အသက်(၃၂)နှစ်အရွယ် မိခင်တို့၏ အထွေးဆုံးသမီးကလေးဖြစ်သောBobbi Boyden တွင် မွေးချင်းငါးယောက်ရှိကြောင်း သိရသည်။


စင်ပေါ်ရောက်ရင် သွက်လက်နေတတ်ပြီး သူမအလှည့်ပြီးလို့ စင်ပေါ်ကဆင်းဖို့ကိုမူ ငိုတတ်တဲ့ Bobbi လေးအား မိခင်က (၅)နှစ်အရွယ်ရောက်သည့်တိုင် မိတ်ကပ်အဖွေးသားလိမ်းဖို့ကို မရှိဘဲ နှုတ်ခမ်းနီပါးပါးနှင့် ဆံတုလေးများသာ ဆင်မြန်းစေပြီး ဒေါ်လာနှစ်ရာခန့်ရှိ ဝတ်စုံဆန်းများ ဝတ်ဆင်ပေးလေ့ရှိကြောင်း သိရသည်။

သီချင်းသံကြားရင် ကတတ်တဲ့ Bobbi ကလေးဟာ ပြီးခဲ့သည့် ဇွန်လမှစ၍ အစ်မများဖြစ်သူ အသက်(၁၀)နှစ်အရွယ်Eleanor နှင့် အသက်(၈)နှစ်အရွယ် Demi တို့နှင့်အတူ အလှပြိုင်ပွဲများဝင်ခဲ့ကာ ဆုများတသီကြီး ဆွတ်ခူးရရှိပြီးဖြစ်ကြောင်း သိရသည်။



ယခုအခါ အရည်အချင်းရှိသူများ မွေးထုတ်ပေးနေသည့် ‘Sara’s Stars’ ဟူသည့် အေဂျင်စီဖြင့်ပင် စာချုပ်ချုပ်ဆိုပြီးဖြစ်သည့် Bobbi ကလေး၏ အောင်မြင်မှုဟာ ခပ်ပေါပေါ ရခဲ့ခြင်းတော့ မဟုတ်ပေ။

Bobbi ကလေးနှင့် သူမအစ်မများ၏ ဝတ်စုံကြေး ၊ ပြိုင်ပွဲဝင်ဖို့ စာရင်းသွင်းကြေးများအတွက် ၎င်းတို့၏မိခင် Stephanie Boyden က စတာလင်ပေါင် ငါးထောင် အကုန်အကျခံခဲ့ပြီး Bobbi ကလေးအောင်မြင်မှုအတွက် ယခုထက် လျှော့သုံးသွားဖို့ အစီအစဉ်မရှိကြောင်းလည်း ဆိုခဲ့သည်။



Source : Dailymail

0 comments:

Post a Comment