မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် တောင်ကြီး မီးပုံးပျံ ပွဲတော်ဆင်နွှဲမည်

ပန်းနုရောင် ချယ်ရီပန်းများ ပွင့်ရာမြေ၊ နှင်းမှုန်ဖွေးဖွေး၊ ဆောင်းလေပြည် အေးအေးမှာ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ရဲ့ မီး ပုံးပျံပွဲတော် ဟာရှမ်းပြည် နယ်ဒေသ တွင်းမှာ သာမက မြန်မာ တစ်နိုင်ငံလုံးမှ ဘုရားဖူးခရီး သွားများ ပါဝင် ဆင်နွှဲကြတဲ့ ပွဲတော်ကြီးပါ။ နိုင်ငံ တကာမှ ကမ္ဘာလှည့် ခရီးသည် များလည်း အံ့သြ၊ ဝမ်း သာ၊ ကြည်နူးပျော်ရွှင်စွာ ပါဝင်ကြပါတယ်။ ပွဲတော်ကို ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာ ၃ဝ ရက်မှ နိုဝင်ဘာ ၇ရက်၊ (၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်း လဆန်း ၈ ရက်မှ လပြည့် ကျော် ၁ ရက်အထိ) ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။ ပွဲတော်ကို နေ့ဘက်လွှတ် အရုပ်မျိုးစုံနဲ့ ညလွှတ် မီးပုံးပျံ (စိန်နားပန် မီးပုံးနဲ့ ညကြီးမီး လို့ခေါ်တဲ့ မီးရှူးမီးပန်းများ ပါဝင်တဲ့ မီးပုံး ပျံ များဖြစ်ပါတယ် ။နေ့လွှတ် မီးပုံးပျံများမှာ ခြေနှစ်ချောင်းပါ အရုပ်၊ ခို၊ ကြက်တူရွေး၊ ဇီးကွက် အရုပ် များဖြစ်ပြီး ခြေလေးချောင်းပါ အရုပ်များမှာ ဆင်၊ ကျား၊ နွား၊ မြင်း စတဲ့ အရုပ် များဖြစ်ပါတယ်။ တောင်ကြီးမြို့မှာ မီးပုံးပျံ လွှတ်ပွဲတော်ကို ကျင်းပပြု လုပ်ခဲ့တာ လွတ်လပ်ရေး မရမီကာလ ကပင် ကျင်းပခဲ့ပြီး ဒီနှစ်မှာ ၇၃ နှစ်ပြည့် မြောက်ခဲ့ပါပြီ။ တန်ဆောင် တိုင်ပွဲတော်မှာ မီးပုံးပျံများ လွှတ်တင်တာကို ၁၉၄၁ ခုနှစ် ကပင် စတင်ခဲ့ပြီး (၁၉၅၃- ၅၄) ခုနှစ်မှာ ပြိုင်ပွဲ အဖြစ် ကျင်းပခဲ့ပါတယ်။ ပထမ၊ ဒုတိယ၊ တတိယ ဆုများကို ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်ခဲ့ ပါတယ်။၂ဝဝ၁ခုနှစ်မှ စတင်ပြီး ရှမ်းပြည်နယ် အစိုးရက ဦးဆောင် ပါဝင်ပြီး ယခုနှစ် အထိ ကျင်းပပြုလုပ် နေပါတယ်။ တန်ဆောင်မုန်း လပြည့်ညမှာ ဆုပေးပွဲ ကျင်းပပြီး ပထမဆု ကျပ် သိန်း ၄ဝ၊ ဒုတိယဆု ၃၅ သိန်း၊ တတိယဆု ၃ဝ သိန်း ချီးမြှင့်ပေးအပ် မှာဖြစ်ကြောင်း သိရ ပါတယ်။ မြန်မာ့ (၁၂) လရာသီပွဲတော်များ မှာ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ဟာ မြန်မာနိုင်ငံ သာမက နိုင်ငံတကာမှာပါ ထင်ရှား ကျော်ကြား တဲ့ပွဲတော် ကြီးဖြစ် ပါတယ်။
Popular

0 comments:

Post a Comment