Chris Brown ရဲ့ ကောင်မလေးနဲ့ ဓာတ်ပုံအတူ တွဲမရိုက်ချင်တဲ့ Kim Kardashian


RadarOnline က ဖော်ပြချက်အရတော့ Kim Kardashian ဟာ ပါတီတစ်ခုမှာ ဓာတ်ပုံ
အတူရိုက်ဖို့ကြိုးစားခဲ့တဲ့ChrisBrownရဲ့ရည်းစားKarruecheTranကိုသိပ်အဆင့်မရှိတဲ့
သူလို့ ခေါ်လိုက်ပါတယ်တဲ့။ Kim Kardashian အတွက် ကံမကောင်းဘူးလို့ပဲ ပြောရ
မလား။

သူမက Chris Brown တို့အတွဲနဲ့ ဓာတ်ပုံမရိုက်ချင်ပါဘူးဆိုမှ Chris Brown က သူမ
ခင်ပွန်း KanyeWestကိုအဖွဲ့လိုက်ဓာတ်ပုံတစ်ပုံလောက်ရိုက်ကြရအောင်ဆိုပြီး တောင်းဆို
လိုက်ချိန်မှာတော့ စိတ်ညစ်ညစ်နဲ့ ဓာတ်ပုံအရိုက်ခံလိုက်ရတော့တာပါပဲ။

အဲ့ဒီနောက်မှာတော့ Kim Kardashian ကတော့ ပြတ်ပြတ်သားသားပဲ ချက်ချင်းလှည့်ထွက်
သွားခဲ့သလို သူမကို စကားပြောဖို့ ကြိုးစားနေတဲ့ Tran ကိုတောင် တစ်ချက်အဖက်မလုပ်ဘူး
လို့ Radar ဖော်ပြချက်အရ သိရပါတယ်။ ဒီအခြေအနေတွေအတွက် အားလုံးက စိတ်ပျက်လက်ပျက် ဖြစ်နေကြရပေမယ့် Tran ကတော့ အေးဆေးပါပဲတဲ့။

Credit : Trend

0 comments:

Post a Comment