မစ္စတာတွေ ကိုလည်း အသိအမှတ် ပြုစေချင်တဲ့ ခါရာ


Mr. Asaia 2014 ပြိုင်ပွဲတွင် ဆုငါးဆု ရရှိခဲ့သည့် ခါရာက လက်ရှိတွင် Miss များသာ ပေါ်ပြူလာ ဖြစ်နေသည့် အတွက် မစ္စတာများ ကိုလည်း အသိအမှတ် ပြုစေချင်ကြောင်း ပြောသည်။ Miss တွေ အရမ်းများတဲ့ အချိန်မှာ ကျွန်တော် M.r(မစ္စတာ) တစ်ယောက် ပေါ်လာတဲ့ အတွက် ပရိသတ်တွေ ကလည်း အားပေးပြီး အသိအမှတ်ပြု ပေးဖို့ မေတ္တာ ရပ်ခံချင်ပါတယ်။ Miss တွေလည်း ပြိုင်ရတာ ခက်ခဲပါတယ်။ ကျွန်တော်တို့ မစ္စတာ တွေလည်း သွား ပြိုင်တယ် ဆိုတာ တကယ့်ကို ရုပ်ပိုင်း ဆိုင်ရာရော ကြံ့ခိုင်မှုတွေပါ ပြိုင်ရတဲ့ အတွက် ခက်ခဲပါတယ်။ခက်ခဲတဲ့ အတွက် ဆုကို ရအောင်ယူခဲ့ တာကို ပရိသတ်တွေ ကလည်း နားလည်မှု အပြည့်နဲ့ အားပေးစေချင် ပါတယ်။ နောက်ပြီးတော့ ဒီလိုပြိုင်ပွဲတွေ ကနေ တစ်ဆင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ မစ္စတာတွေက ပြသနိုင်မှာပါ။ ဒီနိုင်ငံမှာ ရှိတဲ့ တော်တော်များများ လူငယ်တွေ ကလည်း ဖြစ်နိုင်တဲ့ သူတွေ အများကြီး ရှိပါတယ်။ မော်ဒယ်တွေ ထဲမှာ လည်း ဖြစ်နိုင်တာတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ဒီလို ပြိုင်ပွဲတွေနဲ့ ထိပ်တိုက် တွေ့ဖို့ လိုပါတယ်။ ပြိုင်ပွဲတွေရှိ မှလည်း ကြိုးစားလာ ကြမယ်။ မြန်မာနိုင်ငံရဲ့ မော်ဒယ် အရည်အချင်းတွေ၊ စံချိန်တွေက ပိုပြီးတော့ မြင့်မယ်။

ပိုတိုးတက်မယ် International Beauty Pagent တွေနဲ့ ချိတ်ဆက်ပြီး ပြိုင်ပွဲတွေ များများ လက်ခံဖို့လို ပါတယ်။ ကျွန်တော်တို့ သွားပြိုင်တော့မယ် ဆိုရင် အဓိက ဘာသာစကားနဲ့ သွားပြိုင်မယ့် နိုင်ငံရဲ့ လူနေမှု စရိုက်တွေကို တော့ သေချာ ပြင်ဆင်ထား ဖို့တော့ လိုပါတယ် ဟု ခါရာက ပြောသည်။ ခါရာသည် Mr. Asaia 2014 တွင်ဆုငါး ဆုရရှိခဲ့ကြောင်း၊ အနုပညာ လှုပ်ရှားမှု အနေဖြင့် သရုပ်ဆောင်အဖြစ် ဇာတ်ကားများ ရိုက်ကူးရန် ကမ်းလှမ်း ထားကြောင်း ပြောသည်။

Credit: Messenger

0 comments:

Post a Comment