ကုလားအုတ် အသုံးချပြီး တောင်းရမ်းလို့ ဝေဖန်စရာ ဖြစ်လာ


တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူဂျီအန် ဒေသမှာ ကုလားအုတ်ကို အသုံးချပြီး တောင်းရမ်းမှု ပြုလုပ်နေ တာမို့ တိရိစ္ဆာန် ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ တွေက ဝေဖန် ထောက်ပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကုလားအုတ်ကို အသုံးပြုပြီး တောင်းရမ်းမှုတွေ ပြုလုပ်ရာမှာ လူတွေရဲ့ သနား ကြင်နာမှုကို ပိုမို ရရှိတယ်လို့ သိရပါတယ်။ ဒါကို အခွင့်ကောင်း ယူပြီး တောင်းရမ်းသူ တွေဟာ တိရိစ္ဆာန်တွေကို အသုံးချလာခြင်း ဖြစ်ပါတယ်။ ဒီလိုမျိုး အရင်က မရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နေရာ အတော် အများအပြားမှာ တွေ့မြင်လာရပြီ ဖြစ်ပါတယ်။ တောင်းရမ်းသူ နှစ်ဦးဟာ ဒူးထောက် တဲ့ပုံစံနဲ့ သနားစရာ ဖြစ်အောင် ပြုလုပ်ထားပြီး သူတို့ရဲ့နောက်မှာ ကုလားအုတ်ကို ထားရှိခဲ့ပါတယ်။ ကုလားအုတ်ရဲ့ ခြေထောက်တွေ ကလည်း မရှိတော့ ပါဘူး။ အလွန်သနားစရာ ဖြစ်အောင် ကုလားအုတ်ကို အသုံးချကာ ဖန်တီးထားခြင်း ဖြစ်ပြီး ဒီလိုမြင်ကွင်းမျိုးမြင် တွေ့ဖူးခြင်း မရှိတဲ့ လူတွေ ကတော့ ပေးကမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီမြင်ကွင်းကို ပြီးခဲ့တဲ့ ဧပြီလ ကတည်းက မြင်တွေ့ခဲ့ရတာ ဖြစ်ပြီး မီဒီယာတွေမှာ မကြာခဏ ဖော်ပြနေတာမို့ ဖြစ်ရပ် အစုံအလင်ကို သိရှိနေ ကြပေမယ့် အရေးယူနိုင်တဲ့ ဥပဒေ မရှိသေး တာကြောင့် ဘာမှ မလုပ်နိုင်သေး ပါဘူး။ ကုလားအုတ်ကို အသုံးပြုပြီး တောင်းရမ်းနေသူ တွေကတော့ သူတို့ ရဲ့ လုပ်ရပ်ကို ကာကွယ်ခဲ့ကြပါတယ်။ ကုလားအုတ် အတွက် လိုအပ်တဲ့ အစားအစာ ရှာဖွေနိုင်ဖို့ ဒီလိုပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့ကြ ပါတယ်။ တရုတ်နိုင်ငံမှာ ကုလားအုတ်တွေဟာ ရှားပါးတိရိစ္ဆာန် အဖြစ် သတ်မှတ်ခံထားရပြီး အကောင်ရေက တဖြည်းဖြည်း နည်းပါးလာ ပါတယ်။ တိရိစ္ဆာန် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ တွေ ကတော့ ကုလားအုတ်ကို အသုံးချပြီး တောင်းရမ်းမှုတွေကို အရေးယူနိုင်ဖို့ တရုတ် အစိုးရ အနေနဲ့ ဥပဒေတွေ ပြောင်းလဲ သင့်ကြောင်း တိုက်တွန်း ခဲ့ကြပါတယ်။
Messenger

0 comments:

Post a Comment