အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ကို သတ်ဖြတ်မှုဖြင့် ထောင်ဒဏ် ကျခံပြီးနောက် ထွက်ပြေး လွတ်မြောက်လျက် ရှိသည့် လူသတ်သမား တစ်ဦးသည် နိုင်ငံ အတွင်းသို့ ဝင်ရောက် လာနိုင်ဖွယ် ရှိသည် ဟူသော သတင်းကြောင့် ထိုင်းနိုင်ငံ အတွင်းရှိ အပန်းဖြေ စခန်းတစ်ခု ဖြစ်သည့် ဖူးခက်၌ ယမန်နေ့တွင် လုံခြုံရေးကို တင်းကျပ် ခဲ့ရကြောင်း ဒေသအတွင်းရှိ မီဒီယာ တစ်ခုက ဖော်ပြခဲ့သည်။

ထောင်ပြေး ဂျက်တာဆင်းဂ် ဟာဝါရာ သည် ဆွန်ဂိုင်ကိုလော့၊ နာရာသီဝပ် ပြည်နယ်မှ တစ်ဆင့် ပါကစ္စတန်နိုင်ငံ သို့ ဆက်လက် ထွက်ခွာနိုင်ဖွယ် ရှိကြောင်း ထိုင်းအစိုးရက ယူဆထားသည်။
ထောင်ပြေး ဂျက်တာဆင်းဂ် ဟာဝါရာ သည် ၁၉၉၅ ခုနှစ်အတွင်းက ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဘီယန့်ဆင်းဂ် ကို လုပ်ကြံ သတ်ဖြတ်မှုဖြင့် ထောင်ဒဏ် ကျခံနေရစဉ် အကျဉ်းထောင်မှ အခြား ရာဇဝတ်သား နှစ်ဦးနှင့်အတူ လွတ်မြောက် သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းအနေဖြင့် နိုင်ငံအတွင်းသို့ ဝင်ရောက် လာခဲ့ပါက ဖမ်းဆီးရန် အတွက် ယခုအခါ ထိုင်းတရားရုံး တစ်ခုက ဖမ်းဆီးခွင့်ကို ထုတ်ပြန် ထားပြီး ဖြစ်ကြောင်း သိရသည်။
PyiChitThar
0 comments:
Post a Comment