ဗြိတိသျှ ချစ်သူစုံတွဲတွေရဲ့ ၁၁ရာခိုင်နှုန်းဟာ ကိုယ့်ချစ်သူအပေါ် ယုံကြည်မှုမရှိတာကြောင့် Joint Facebook အကောင့်ဖွင့်ထားကြရ


တကယ်စိတ်ပျက် ဝမ်းနည်းဖို့ကောင်းတဲ့ ယနေ့ခေတ် ချစ်သူစုံတွဲသတင်းတစ်ခုပါပဲ။
Facebook သုံးတဲ့ ဗြိတိသျှစုံတွဲ ၁၁% ရာခိုင်းနှုန်းဟာ ပူးတွဲဖေ့စ်ဘုတ်ခ်အကောင့်
(Joint Facebook Account) တစ်ခုရှိကြတယ်လို့ ဖော်ပြထားပါတယ်။

နာက် အံ့သြဖို့ကောင်းတာက ဒီလိုတိုးတက်ပြောင်းလဲမှုမှာ နည်းပညာကျွမ်းကျင်
သူတွေကြားမှာတော့ အသုံးမများတာကို တွေ့ပါတယ်။ ဒါပေမဲ့ ခုလို Joint Facebook
Account အသုံးများတဲ့ အရွယ်တွေကတော့ အသက် ၂၅- ၃၀ ရွယ် စုံတွဲတွေကြား
မှာပါတဲ့။ခုလိုအကောင့်တစ်ခုထဲကိုမျှသုံးလာကြတာဟာဘာ့ကြောင့်များလဲဆိုပြီး လေ့
လာစစ်တမ်းကောက်ကြည့်တဲ့အခါမှာတော့ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုကင်းမဲ့လို့ပဲ
ဖစ်ပါတယ်။

facebookကို မိမိသားသမီး၊ မြေးလေးတွေနဲ့ တွေ့ဆုံဖို့ သို့မဟုတ် မိသားစုနဲ့ အဆက်
အသွယ် မပြတ်ရှိစေဖို့လောက်သာ အသုံးပြုတဲ့ သက်ကြီးစုံတွဲဖြစ်နေရင်တော့ ခုလို
facebook account က ကောင်းတဲ့ အကြံအဥာဏ်တစ်ခု ဖြစ်ဟန်တူပါလိမ့်မယ်။

ဒါပေမဲ့ ငယ်ရွယ်တဲ့ ချစ်သူစုံတွဲတွေ အတွက်တော့ ပြဿနာဖြစ်စေတဲ့အရာလို့ ထင်ပါ
တယ်။ သီးခြားကိုယ်ပိုင် facebook ပေးသုံးနိုင်လောက်တဲ့ ယုံကြည်မှုတောင် ကိုယ့်
ချစ်သူအပေါ် မရှိဘူးဆိုရင် ဖြေရှင်းဖို့ လိုအပ်နေတဲ့ သမီးရည်းစားဆက်ဆံရေးမှာ
အခက်ခဲပြဿနာတွေ ထင်ထင်ရှားရှားရှိနေတယ်ဆိုတာ အသေအချာပါပဲ။

Credit : Trend

0 comments:

Post a Comment