ခရစ်ယာန်တရားဟော ဓမ္မဆရာတချို့ ငရဲသို့ သွားရလိမ့်မယ်လို့ ပြောဆိုခဲ့တဲ့ Pastor Chris Oyakhilome


( Christ Embassy Church အဖြစ်နဲ့လည်းသိရ) လူသိများတဲ့ Believers Love World Assembly အသင်းတော် ရဲ့ တည်ထောင်သူနဲ့ ဦးဆောင်ဓမ္မဆရာလည်းဖြစ်တဲ့ Pastor Chris Oyakhilome က ဘုရားသခင်ကို မနာခံမှုကြောင့် ဓမ္မဆရာအမြောက်အများ ငရဲကို သွားကြရပါလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ City People ရဲ့ သတင်းအစီရင်ခံစာတစ်ခုအရ (Lessons of Lot) လို့ ခေါင်းစဉ်ပေးထားတဲ့ တရားဒေသနာ ဟောကြားနေစဉ် Pastor Chris က သူ့အသင်းတော်ထဲ အသင်းသားတွေကို ဓမ္မဆရာအများစုဟာ ဘာကြောင့် ကောင်းကင်ဘုံနဲ့ လွဲချော်ရမလဲ ဆိုတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။ တချို့သောသူတွေ သူတို့ပင်ကိုယ်စိတ်လှုံ့ဆော်တဲ့စိတ်ဆန္ဒကို ဖြည့်ဆည်းဖို့ ဘုရားအမှုတော်ဆောင်လုပ်ငန်းမှာ ရောက်နေကြတာဖြစ်ပေမဲ့ အချို့သော ဓမ္မဆရာများဟာ ဘုရားရဲ့ ခေါ်တော်မူခြင်းကြောင့် မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအကြောင်းအမျိုးမျိုးကြောင့် သူတို့ကိုယ်သူတို့ အမှုတော်ဆောင်အနေနဲ့ သတ်မှတ်ခဲ့ကြတာပဲ ဖြစ်တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။


ဓမ္မဆရာအချို့မှာ သူတို့အမှုတော်ဆောင်အဖြစ်နေခဲ့တဲ့ အသင်းတော်တွေကို စိတ်ဒေါသ၊ တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ငြင်းခုံမှု၊ စိတ်သဘောထားကွဲလွဲမှု (သို့) မနာလိုမုန်းတီးမှုတွေကြောင့် ကျောခိုင်းစွန့်ခွာသွားခဲ့ကြပြီး တခြားနောက်အမှုတော်ဆောင် ခြေလှမ်းသစ်ကို စတင်ခဲ့ကြတဲ့အတွက် အသင်းတော်တချို့က မကျေနပ်ငြင်းခုံမှုပြုလုပ်ခဲ့ကြပါတယ်။ တခါတလေ ဓမ္မဆရာရဲ့ဇနီးနဲ့ လက်ထောက်ဓမ္မဆရာရဲ့ဇနီးအချင်းချင်းကြားဖြစ်နေတဲ့ ပြဿနာကြောင့်ပါ။ အရာရာမှာ ဘုရားသခင်ကို နာခံတတ်ဖို့လိုအပ်ပြီး အကြွင်းမဲ့ ဘုရားသခင်ကို နာခံတတ်ဖို့ ကိုယ်စိတ်နှလုံးကို ပြင်ဆင်ထားဖို့လည်း လို့အပ်ပါတယ်လို့ Pastor Chris က ပြောဆိုခဲ့ပါတယ်။

အသင်းတော်ထဲ ၂၀၁၃ ခုနှစ်အချိန်ကတည်းက သူမရဲ့ ခင်ပွန်းဖြစ်သူ Pastor Chris နဲ့အတူ အသင်းတော်ထဲမှာ တွေ့မြင်ခြင်းမရှိတော့တဲ့ Rev Anita Oyakhilome ရဲ့အသင်းတော်နဲ့ ကင်းကွာနေခြင်းနဲ့ ပတ်သက်လို့ စိုးရိမ်နေကြတဲ့ အသင်းသားတချို့က Where is Rev. Anita Oyakhilome လို့ အမည်နာမတပ်ထားတဲ့ FB စာမျက်နှာတစ်ခုကို ဖွင့်ပြီးတဲ့နောက်ပိုင်း မေလ (၂၈) ရက်နေမှာ ဇနီးနဲ့ ကွာရှင်းနေတဲ့ Pastor Chris ရဲ့ သတင်းစကား ပျံ့နှံ့သွားခဲ့ပါတယ်။

Source: gossipmill
Trend Myanmar

0 comments:

Post a Comment