ဒုတိယအချီတွင် ခရွန်ကို ထွန်းထွန်းမင်းအနိုင်ယူနိုင်ခဲ့သော်လည်း ရုပ်သံလိုင်းများမှ ပွဲစဉ်များကို ထုတ်လွှင့်ပြသခြင်းမရှိသည့်အတွက် လက်ဝှေ့ဝါသနာရှင်များဝေဖန်မှုများရှိနေ



ယနေ့ (၃၁.၈.၂၀၁၄) ၊ စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ထိုင်း၊ဖိလစ်ပိုင်၊မြန်မာ သုံးနိုင်ငံ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော ထွန်းထွန်းမင်း က ထိုင်းနိုင်ငံမှ ခရွန် ကို အနိုင်ရယူနိုင်ခဲ့သည်။ ထွန်းထွန်းမင်း ထိုးလုံး သက်ကွက် အကွက်စေ့စေ့ဖြင့် ပွဲစတင်စဉ်ကတည်းက ခရွန်ကို ထိုးသတ်ခဲ့ပြီး ဒုတိယအချီအရောက်မှာတော့ ခရွန်က ထိုးလုံးသက်ကွက်များတွင် ဦးခေါင်းအသုံးပြုတိုက်ခိုက်မှုများပါဝင်ပါက ဆက်လက်ထိုးသက်ခြင်းမပြုနိုင်ဟု အကြောင်းပြကာ အရှုံးပေးခဲ့ခြင်းဖြစ်သည်။ လက်ဝှေ့ပွဲတွင် ဦးခေါင်းအသုံးပြုတိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး အပြန်အလှန်ငြင်းခုန်စရာများဖြစ်ပေါ် ခဲ့သော်လည်း ခုံဒိုင်များက ဦးခေါင်းတိုက်ကွက်မှာ တရားဝင်သည်ဟု ဆုံးဖြတ်ပေးခဲ့ကြောင်း စင်ကာပူရောက် မြန်မာ့လက်ဝှေ့ ၀ါသနာရှင်များ၏ပြောကြားချက်အရ သိရသည်။


ယနေ့ စင်ကာပူတွင် ကျင်းပသော ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို မြန်မာနိုင်ငံရှိ လက်ဝှေ့ ၀ါသနာရှင်များက ရုပ်သံထုတ်လွှင့်မှုများကိုကြည့်ရှု့လိုခဲ့ကြသော်လည်း မြန်မာ့အစိုးရပိုင် ရုပ်သံများနှင့်တကွ ပြည်တွင်းအခြေစိုက် ရုပ်သံဌာနများက ထုတ်လွှင့်ပြသခဲ့ခြင်းမရှိသည့်အပေါ်တွင်လည်း ဝေဖန်မှုများဖြစ်ပေါ်လျက်ရှိသည်။ "တကယ့်တကယ်ကျတော့ဘယ်သူ့ မှအားကိုးလို့ မရပါလား ပြည်တွင်းရုပ်သံလိုင်း mrtv ရော ပြည်သူလူထုဆီကရုပ်သံကြည့်ရှုခအများဆုံးယူထားတဲ့ Skynet ရုပ်သံလိုင်းရော အလကားပဲအကျိုးအမြတ်ရမှ ဝန်ဆောင်မှုပေးတဲ့ သဘောလား။ ဘောလုံးပွဲတွေကျတော့မပျက်မကွက်လွှင့်လိုက်ရတာအမော တစ်နှစ်ကြာမှတစ်ခါသွားထိုးတဲ့ ပွဲတောင်လွှင့်မပေးနိုင်ကြဘူး" ဟု မြန်မာ့လက်ဝှေ့ ၀ါသနာရှင်တစ်ဦးက ပြောသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment