ခလုတ်နှိပ်ရုံဖြင့် ဆံပင်အရောင်ပြောင်းမည့် စက်လာတော့မည်


ဆံပင်အရောင် ဆိုးရသည်မှာ ငွေကုန် အချိန်ကုန် ရုံသာမက ဆံပင် ပျက်စီးမှုလည်း များသည်။ အမျိုးသမီး အများစုက အိမ်တွင် ခလုတ်နှိပ်ရုံဖြင့် ဆံပင်အရောင် ပြောင်းလဲနိုင်သည့် နည်းရှိပါက ၀မ်းမြောက် ၀မ်းသာ ကြိုဆိုကြမည် ဖြစ်သည်။

ယခုအခါ သိပံ္ပပညာရှင်များ က ဆံပင်ဖြောင့်စက် နှင့် အသွင်တူပြီး ဆံပင်ပေါ်တွင် အရောင်နှင့် ဒီဇိုင်းကွက်ပါ ဖော်နိုင်သည့် ကိရိယာမျိုးကို တီထွင်ရန် ပထမခြေလှမ်း လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။


ဈေးကွက်တွင် ဆံပင်ဆိုးဆေး တံဆိပ်ပေါင်း များစွာရှိပြီး တချို့သော ဆိုးဆေးများမှာ အဆိပ်ဖြစ်စေပြီး ကင်ဆာရောဂါထိ ဖြစ်စေနိုင်ကြောင်း သိရသည်။

အဆိုပါ ပြဿနာများကို ဖြေရှင်းရန် အတွက် နာနိုစကေး ရောင်စဉ် ကွန်ရက်ကို အသုံးပြုထားသည့် နည်းပညာကို တီထွင်ခဲ့သည်။

ပညာရှင်များက နာနိုစကေး ရောင်စဉ် ကွန်ရက်ကို ပုံဖော်ရန် အတွက် ပြတ်သားသည့် အိုင်းယွန်း ရောင်စဉ်တန်းများကို အသုံးပြု ထားသည်။ အဆိုပါ နည်းပညာမှာ အနာဂတ်၏ လူသုံးကုန် ပစ္စည်းများ ထဲတွင် ပါဝင်လာနိုင်ပြီး ဆံပင် ဖြောင့်စက်ကဲ့သို့ပင် ဆံပင်ကို အလွယ်တကူ ဆေးဆိုး နိုင်မည်ဟု သိရသည်။

နာနို နည်းပညာ သုံးပြီး ဆေးဆိုးနိုင်မည့် လေ့လာမှုကို လွန်ခဲ့သည့် ငါးနှစ်ကပင် စတင်ခဲ့ခြင်း ဖြစ်သည်။ ဆံပင်အနက် ရွှေရောင်နှင့် အညိုရောင် များပေါ်တွင် စမ်းသပ်ခဲ့ပြီး အညိုရောင် ဆံပင်ပေါ်တွင် ပိုပြီး အသုံးဝင်ကြောင်း သိရှိရသည်။

အဆိုပါစက်ကို အသုံးပြု သူများသည် ဖြစ်ချင်သည့် ဆံပင် အရောင်ပေါ် မူတည်ပြီး အရောင်အမျိုးမျိုး ပြောင်းလဲကာ ပုံဖော် နိုင်ကြောင်းလည်း သိရသည်။

လေ့လာမှုကို နယူးမက္ကဆီကို တက္ကသိုလ် နှင့် လော့စ်အာမိုး အမျိုးသား သုတေသန ဓာတ်ခွဲခန်းမှ ပညာရှင်များ ပူးပေါင်း ပြုလုပ်ခြင်း ဖြစ်သည်။

Source: Daily Mail

Messenger

0 comments:

Post a Comment