၃၁.၈.၂၀၁၄ရက်နေ့ ၀၀၁၅ အချိန်ခန့်တွင် အင်းစိန်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန် (၅၀)ကွေ့ပန်းခြံအနီး၌ ဆိုင်ကယ်(၁)စီးမီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေး ရာနံ့သာကုန်း ရပ်ကွက်၊ နံ့သာကုန်းလမ်းဘေးတွင် SUZUKI -110 အမျိုးအစားနက်ပြာရောင် ဆိုင်ကယ် (၁)စီးမှာမီးလောင်မှု ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၃၀.၈.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့်က ဆိုင်ကယ်စီးနင်းသူ (စုံစမ်းဆဲ)မှ ဆိုင်ကယ်ကိုဆီဖြည့်စဉ် အင်ဂျင်ပေါ်သို့ ဓါတ်ဆီများကျခဲ့ရာမှ အင်ဂျင် အပူရှိန်ကြောင့် မီးစတင်လောင်ကျွမ်းကာ ဆိုင်ကယ်၏ကာဗာများနှင့် ဝါယာကြိုးများ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ မီးလောင်မှုဖြစ်ပွားစဉ် ဆိုင်ကယ် စီးနင်းသူမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ ပတ်ဝန်းကျင်မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့၍ ၂၃၃၂အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။
ယင်းသို့ ဆိုင်ကယ်မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဆိုင်ကယ်စီးနင်းသူ (စုံစမ်းဆဲ)အား အင်းစိန် မြို့မရဲစခန်း(ပ)၈၈၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

Yangon
0 comments:
Post a Comment