၅ ယောက်မြောက် ဇနီးကို မကွာရှင်းပေးချင်၍ သတ်ပစ်ပြီး မိမိကိုယ်ကိုသတ်သေ

အင်္ဂလန်နိုင်ငံ၊ ဟက်ဖို့ဒ်ရိုင်းယား ဒေသမှာ နေထိုင်တဲ့ အသက် (၇၂) နှစ်အရွယ် ပင်စင်စား အဖိုးအို တစ်ဦးဟာ အသက် (၅၇) နှစ် အရွယ် ဇနီးဖြစ်သူကို သတ်ပစ် ပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ပြုလုပ်ခဲ့တယ်လို့ သေမှုသေခင်း စုံစမ်း စစ်ဆေးရေး အရာရှိတွေက ပြီး ခဲ့တဲ့ရက်ပိုင်းမှာ သတင်း ထုတ်ပြန်မှုပြု လုပ်ခဲ့ပါတယ်။ ဒီအမှုဟာ ၂၀၁၃ ဇန်န၀ါရီမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး စုံစမ်းမှုတွေ အပြီး သတင်းထုတ် ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဇနီးဖြစ် သူမိုင်နာကို သတ်ပစ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တဲ့ ကီဘီဟာ မကြာခဏ အိမ်ထောင်ပြိုကွဲမှုတွေကြောင့် စိတ်ကျရောဂါ ခံစားနေရသူ ဖြစ်ပါတယ်။ လက်ရှိ ဇနီးဖြစ်သူဟာ (၅) ဦးမြောက် ဖြစ်ပြီး နောက်ထပ် အိမ်ထောင်ရေး ပြိုကွဲမှာကို ကီဘီက ဆန္ဒ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီအမှု မဖြစ်မီ သုံးလအလိုမှာ ဇနီးဖြစ်သူဟာ ကွာရှင်းပြတ်ဆဲဖို့ တောင်းဆိုမှု ပြုလုပ်ထားပါတယ်။ 

ကီဘီဟာ စိတ်ကျရောဂါနဲ့ အရက် အလွန်အကျွံ သောက်သုံးမှုကြောင့် ဆေးရုံမှာ ဆေးကုသ ခံယူခဲ့ရပါတယ်။ ဒီနောက် သူ့အိမ်ကိုပြန်ရောက် တဲ့အခါ လင်မယားနှစ်ဦးရဲ့ ဆက်ဆံရေးက ပိုမို ဆိုးရွားခဲ့ပါတယ်။ ၂၀၁၃ ဇန်န၀ါရီ (၇) မှာ သူတို့ရဲ့သားဖြစ်သူ ဖရက်ဒီဟာ မိခင်ဖြစ်သူနဲ့ နောက်ဆုံးဖုန်း ပြောခဲ့ပါတယ်။ ဒီနောက် လေးရက်ကြာ ပြီးတဲ့နောက် မိခင်ဖြစ်သူထံက ဖုန်းမရလို့ အိမ်ကို သွားရောက်ခဲ့ရာ နှစ်ဦးစလုံး သေဆုံးနေတာ တွေ့ရတာဖြစ်ပါ တယ်။ ဖရက်ဒီဟာ သေဆုံးပြီး (၄၈) နာရီကြာမှာ အလောင်းတွေကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ကီဘီဟာ ကြိုးဆွဲချသေးဆုံးနေခြင်း ဖြစ်ပြီး မသေဆုံးမီမှာ ဇနီးဖြစ်သူကို ခေါင်းအုံးနဲ့ ဖိသတ်ခဲ့ခြင်း ဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာ နေရာကို ရဲတပ်ဖွဲ့ သေချာ စုံစမ်းခဲ့ပြီး ပတ်ဝန်းကျင်ကို မေးမြန်းရာမှလည်း သံသယ ဖြစ်စရာကောင်းတဲ့ အခြေအနေကို မတွေ့ခဲ့ရဘူးလို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ တစ်နှစ်ကျော် စုံစမ်းပြီးတဲ့နောက် ကီဘီ အနေနဲ့ ဇနီးဖြစ်သူကို သတ်ပစ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်း ဖြစ်တယ်လို့ သက်သေ အထောက်အထားတွေနဲ့ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Messenger

0 comments:

Post a Comment