အီဘိုလာဗိုင်းရပ် ကူးစက်ရာတွင် သန္ဓေပြောင်း၊ ဆေးဝါးများဖြင့် ကာကွယ်ကုသနိုင်ရန် မဝေးတော့။


နိုင်ငံတကာအရေးပေါ်အခြေအနေ ထုတ်ပြန်ကြေငြာရသည့်အထိ ကူးစက်မှု၊သေဆုံးမှု ဆိုးရွားပြင်းထန်နေသော အီဘိုလာဗိုင်းရပ်၏ သဘောသဘာဝနှင့် ကာကွယ်ဆေး၊ကုသဆေး ထုတ်လုပ်မှုဆိုင်ရာ နောက်ဆုံးတွေ့ ရှိချက်ကို 
သုတေသီများက ယမန်နေ့ ကထုတ်ပြန်ကြေငြာခဲ့ရာ အီဘိုလာဗိုင်းရပ်သည် လူတစ်ဦးမှတစ်ဦးသို့  ကူးစက်ရာတွင် သန္ဓေပြောင်းလဲလေ့ရှိပြီး တိရိစ္ဆာန်များတွင်ထက် လူသားများတွင် သန္ဓေပြောင်းလဲမှုပို၍မြန်ဆန်ကြောင်း၊ သို့ သော် ယခုဖော်စပ်ထုတ်လုပ်နေသည့် ဆေးဝါးများက အီဘိုလာဗိုင်းရပ် သန္ဓေပြောင်းလျင်လည်း အစွမ်းအာနိသင်ရှိနေအုံး မည်ဖြစ်ကြောင်း သိရသည်။


အီဘိုလာဗိုင်းရပ်သည် တိရိစ္ဆာန်များတွင်ထက် လူသားများတွင် သန္ဓေပြောင်းလဲမှု နှစ်ဆခန့် ပို၍မြန်ဆန်နေပြီး လူတစ်ဦးမှ နောက်လူ တစ်ဦးထံ ကူးစက်ရာတွင် ဗီဇပုံဆောင်ဓါတုပစ္စည်းလည်း ဆက်တိုက်ဆိုသလို ပြောင်းလဲ သွားလေ့ရှိသည်။ ဤသည်ကို လေ့လာသိရှိနိုင်ရန် ကျန်းမာရေးဝန်ထမ်းအသက်များစွာ ပေးဆပ်ခဲ့ရကြောင်း သိရသည်။

အစောပိုင်းကာလက ပိုးကူးစက်ခံထားရသူ ၇၈ ဦးထံမှ ပိုးအမျိုးအစားကိုရယူလေ့လာခဲ့ရာ အီဘိုလာသည် တိရိစ္ဆာန်တွင်ထက် လူသားတွင် သန္ဓေပြောင်းလဲမှုနှစ်ဆခန့်  ပို၍မြန်ဆန်နေပြီး လူတစ်ယောက်ထံမှ နောက်လူ တစ်ယောက်ထံ ကူးစက်ရာတွင် ဗီဇပုံဆောင် ဓါတုပစ္စည်းဆက်တိုက်ပြောင်းလဲသွားရာ လူနာ ၇၈ ယောက်တွင်ပင် အီဘိုလာဗီဇကွဲပြားမှုမှာ ၃၀၀ ခန့် ရှိနေသည်ကို တွေ့ ရှိခဲ့သည်။

ထိုအပြင် အီဘိုလာဗိုင်းရပ်သည် ၀င်ရောက်လိုက်သောခန္ဓာကိုယ် ခုခံအားစနစ်၏အားနဲချက်ကိုရှာဖွေပြီး ယင်းခုခံ အားစနစ်ထဲ ၀င်ရောက်ရန် ဗီဇဓါတုပစ္စည်းကို လိုအပ်သလိုပြုပြင်ပြောင်းလဲပြီးမှ သန္ဓေပြောင်းလဲကူးစက်ပြန့် ပွားခြင်း ဖြစ်သည်ကိုလည်း တွေ့ ရှိခဲ့ကြသည်။

ဆက်လက်၍ အီဘိုလာကူးစက်ခံရသူများကို ရှေးဦးသူနာပြုစုပေးခြင်း၊ လက်ရှိတိုက်ကျွေးနေသောဆေးဝါးများ တိုက်ကျွေးနေ၍သာ ယခုအခြေအနေအထိ ထိန်းထားနိုင်ခြင်းဖြစ်ပြီး ထိုအရေးပေါ်ကုသမှုများ မပြုလုပ်နိုင်ခဲ့သော် အီဘိုလာကူးစက်မှုနှင့်သေဆုံးမှုနှူန်းမှာ ယခုထက်အဆပေါင်းများစွာ တိုးလာနိုင်ကြောင်းကိုလည်း သုတေသီများက ဖွင့်ဟပြောပြသည်။

ယင်းသို့ သန္ဓေပြောင်းလဲနိုင်မှုကြောင့် လက်ရှိထုတ်လုပ်ရန်ကြိုးပမ်းနေသော အီဘိုလာကာကွယ်ကုသဆေးများကို ဆက်လက်အသုံးပြုနိုင်ရန် ဖြစ်၊မဖြစ် စမ်းသပ်ခဲ့ရာ သန္ဓေပြောင်းလဲလျင်လည်း ယခုထုတ်လုပ်သွားမည့် အီဘိုလာ ဆေးများက အစွမ်းအာနိသင်ရှိနေအုံးမည်ဖြစ်ပြီး အခြားကာကွယ်ကုသဆေးများကိုမူ ဆက်လက်စမ်းသပ်ကြည့်ရ အုံးမည်ဖြစ်ကြောင်း သိရသည်။

ယခုနောက်ဆုံးအခြေအနေအရ အီဘိုလာဗိုင်းရပ်သည် ဆက်လက်ပြန့် နှံ့ နေအုံးမည်ဖြစ်ပြီး ရောဂါပိုးကူးစက်ခံရဖွယ် ရှိသူပေါင်း ၂ သောင်းခန့် ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ထုတ်ပြန်ကြေငြာထားသည်။

0 comments:

Post a Comment