တမူးမြို့တွင် ဘိန်းဖြူ ၁၂ဝ ဂရမ် ဖမ်းဆီးရမိ


သြဂုတ် ၂၉ ရက်က မူးယစ်တပ်ဖွဲ့စု(၇)တမူး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့၊ စော်ဘွား(၅)ရပ်ကွက်၊ ‘ဆန်းစစ်’ လ္ဘက်ရည် ဆိုင်သို့ ရောက်ရှိလာသူ သက်ထူး၊ မျိုးမင်းအောင်နှင့် ဂင်္ဂါမောင် ဆိုသူတို့အား ရှာဖွေရာ သက်ထူး ဆိုသူ ကိုင်ဆောင်လာသည့် ကြွပ်ကြွပ်အိတ် နှင့် ၎င်း၏ ဆိုင်ကယ် တူးဘောက်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၁၂ဝ ဂရမ် သိမ်းဆည်းရမိသဖြင့် သက်ထူး(ခ)မြတ်ထူး (၃၃ နှစ်)၊ မျိုးမင်းအောင် (ခ) အဲလေး(၂၇ နှစ်) နှင့် ဂင်္ဂါမောင်(၂ဝ နှစ်) တို့(၃) ဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment