ပြင်သစ် ပုပ်ရဟန်းမင်းကြီးကို ISIS စစ်သွေးကြွများ ပစ်မှတ် ထားနေသည်ဟုဆို


ISIS စစ်သွေးကြွများသည် ပုပ်ရဟန်းမင်းကြီးကို ပစ်မှတ်ထားလျက်ရှိကြောင်း သတင်းစာကြီး တစ်စောင်က ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် အဆိုပါ သတင်းစာ၏ ထုတ်ပြန်ချက်သည် မှန်ကန်မှုမရှိကြောင်း၊ ဗာတီကန်နန်းတော်က ပြောကြားခဲ့ပြီး အဆိုပါ

သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု မရှိကြောင်း၊ ၎င်းသတင်းသည် အခြေအမြစ်မရှိကြောင်း ဗာတီကန်နန်းတော်မှ ပြောရေးဆိုခွင့်ရှိသူ ဘုန်းတော်ကြီး ဖတ်ဒီအိုကိုလွန်ဗာဒီက Catholic သတင်းဌာနသို့ ပြောကြားခဲ့သည်။ ISIS စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့် ပတ်သက်၍ တိကျသေချာမှုများ၊ ခြိမ်းခြောက်မှုများ မရှိသော်လည်း နိုင်ငံတစ်ဝန်းသို့ သတိပေးချက်များကို ၎င်းအစိုးရက ထုတ်ပြန်ခဲ့ကြောင်း ၎င်းသတင်းဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ စစ်သွေးကြွများသည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ပစ်မှတ်ထားလျက်ရှိကြောင်း အစ္စရေး ထောက်လှမ်းရေး အဖွဲ့မှ အမည်မဖော်လိုသူ တစ်ဦးက အီတလီ သတင်းစာကြီး တစ်စောင်ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment