အူရီးဒူးကွန်ရက် ရှေ့လလယ်တွင် လူဦးရေ ၁၂ သန်းလွှမ်းခြုံနိုင်မည်ဟု ဆိုပြန်


ပြည်ပဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် အူရီးဒူး သည် ၎င်းတို့၏ မိုဘိုင်းကွန်ရက် ကို စက်တင်ဘာ ၁၅ ရက်မှစတင် ၍ နိုင်ငံတစ်ဝန်းရှိ လူဦးရေပေါင်း ၁၂ သန်းကျော်အား လွှမ်းခြုံနိုင် စေရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်လိုက် သည်။


‘‘ကျွန်တော်တို့ရဲ့ ကွန်ရက် ကို ပိုကောင်းအောင် ဆက်တိုက် တိုးချဲ့နေပါတယ်။ စက်တင်ဘာ ၁၅ မှာ လူဦးရေ ၁၂ သန်းကို လွှမ်းခြုံနိုင်မှာ ဖြစ်တဲ့အတွက် ဒါဟာ ဈေးကွက်မိတ်ဆက်ပြီး နောက်ပိုင်း တစ်လအတွင်း တိုး တက်လာတာပါ’’ဟု အူရီးဒူးမြန် မာ၏ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောကြား သည်။

အူရီးဒူး၏ ကွန်ရက်ချဲ့ထွင် မှုအစီအစဉ်များအရ သြဂုတ် ၁၅ ရက် ဈေးကွက်မိတ်ဆက်သည့် အချိန်တွင် နိုင်ငံတစ်ဝန်းရှိ လူဦး ရေ ၇ ဒသမ ၈ သန်းအား ကွန် ရက်လွှမ်းခြုံနိုင်ခဲ့ပြီး သြဂုတ် ၃၀ ရက်တွင် လူဦးရေ ၉သန်းကို ကွန် ရက်လွှမ်းခြုံနိုင်ခဲ့ကာ လာမည့် စက်တင်ဘာ ၁၅ ရက်တွင် လူဦး ရေ ၁၂ ဒသမ ၃ သန်းကို ကွန် ရက်လွှမ်းခြုံနိုင်မည်ဟု ဆိုသည်။

သို့သော်အူရီးဒူး၏ မိုဘိုင်း ကွန်ရက်မှာ ရန်ကုန်မြို့၏ အချို့ နေရာများတွင် လိုင်းမမိသည့် ပြဿနာနှင့် ကြုံတွေ့နေရသည့် အတွက် သုံးစွဲသူများအကြားတွင် ဝေဖန်မှုများ ထွက်ပေါ်နေသည်။

‘‘ရန်ကုန်မြို့ရဲ့ တချို့နေရာ တွေမှာ သုံးစွဲသူများပြားလို့ လိုင်း ကျပ်တာတွေနဲ့ လိုင်းကျတာတွေ ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ နည်းပညာရော၊ ပညာ ရှင်တွေပါ အချိန်ပြည့်လုပ်ဆောင် နေကြပါတယ်’’ဟု အဆိုပါကိစ္စ နှင့် စပ်လျဉ်း၍ Ross Cormack က ပြန်လည်ဖြေကြားခဲ့သည်။

အူရီးဒူးအနေဖြင့် ၎င်းတို့ ဆင်မ်းကတ်များကို ဈေးကွက်စ တင်မိတ်ဆက်သည့်အချိန်မှ လက်ရှိအချိန်ထိ ဆင်မ်းကတ်ပေါင်းတစ်သန်းကျော်ရောင်းချခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။

အူရီးဒူးသည် ၎င်းတို့၏ မို ဘိုင်းကွန်ရက်ကို လူဦးရေဖြင့်သာ တွက်ချက်၍ သတင်းထုတ်ပြန်ခဲ့ ပြီး လက်ရှိတည်ဆောက်ထား သည့် တာဝါတိုင်အရေအတွက် ကို ပြောကြားခဲ့ခြင်းမရှိပေ။ သို့ သော် ယခင်ပြောကြားမှုများအ ရ ယခုနှစ်ကုန်တွင် တာဝါတိုင် တစ်ထောင်အထိ တည်ဆောက် သွားမည်ဟု ကတိပြုထားသည်။

0 comments:

Post a Comment