မိန်းမတွေ မူးလာရင် ဘာတွေပြောတတ်ကြသလဲ

မွေးနေ့ပွဲ၊ ပါတီပွဲတွေမှာ အမျိုးသမီးတွေ တစ်ခွက်နှစ်ခွက်လောက် သောက်ပြီး မူးသွားတဲ့အခါ သူတို့အချင်း ပြောလေ့ရှိတဲ့ စကားတွေရှိပါတယ်။ ဒီလိုစကားတွေဟာ မူးတဲ့အချိန်မှသာ ထွက်လာတတ်ကြတာဖြစ်ပြီး အမျိုးသမီးအများစု မူးလေ့ရှိချိန်တိုင်း ပျမ်းမျှအားဖြင့် ၁၀ယောက်မှာ ၇ယောက်လောက်က အမြဲပြောလေ့ရှိတယ်လို့ စစ်တမ်းကောက်ချက်အရသိရပါတယ်။ ၁။ငါနင့်ကို ဘယ်တုန်းကမှ မမုန်းခဲ့ဘူး။ တကယ်ပြောတာ။ နင်ကဘာလို့အဲ့ဒီလို ထင်နေရတာလဲ။ မိန်းကလေးအချင်းချင်း တစ်ခါတစ်လေ ကတောက်ကဆဖြစ်ဖူးတာတွေကို...

နယ်မြေအငြင်းပွားမှုကြောင့် PNO နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်တော့မှာလား

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ပွန်ချောင်းအရှေ့ခြမ်းတွင် လှုပ်ရှားနေသော ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည် တပ်မတော် (RCSS/SSA)တို့ နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ သြဂုတ်လ ဒုတိယပတ်ခန့် တွင် ထိပ်တိုက်ရင်ဆိုင် အငြင်းပွားနေကြောင်း သိရသည်။ ထိုနယ်မြေ နှင့်ဆက်စပ်နေသော ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းပွန်တိုက်နယ် တွင် သြဂုတ် ၃၀ ရက်နေ့၌ RCSS/SSA နှင့် ပအို့ဝ်အသွင်ပြောင်းပြည်သူ့စစ်...

အကိုက်အခဲ ပျောက်ဆေး သောက်သည့် အမျိုးသားများ ပန်းသေပန်းညှိုးဖြစ်နိုင်

အကိုက်အခဲ ပျောက်ဆေးကို ပုံမှန် သောက်တဲ့ အမျိုးသား တွေဟာ ပန်းသေ ပန်းညှိုးဖြစ်နိုင်ခြေ မြင့်မား တယ်လို့ လေ့ လာမှု အသစ်အရ သိရှိထား ပါတယ်။ ကိုဒင်း အပါအဝင် Opioid အမျိုးအစား အ ကိုက်အခဲ ပျောက်ဆေးကို ပုံမှန်သုံးစွဲတဲ့ အမျိုးသား တွေမှာ အဲဒီပြဿနာတွေ ဖြစ် ပေါ်တယ်လို့ သိရပါတယ်။ Opioid ကို အသုံးပြုတဲ့ အမျိုးသား တွေဟာ အဲဒီဆေး ဝါး မမှီဝဲသူ တွေထက် ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမြင့်မားတယ် လို့ ဆိုပါတယ်။ မော်ဖင်း၊ အိုက်ဒရိုကော် ဒေါနဲ့ အောက်ဆီကော်ဒုန်းတွေဟာ...

မော်ရိုကိုတွင် ဓားထိုးခံရသည့် ဗြိတိန်မိန်းကလေး မိမိအသက်အန္တရာယ်ကို စိုးရိမ်နေသော်လည်း သူငယ်ချင်းများနှင့် Selfie ပုံ ရိုက်ယူခဲ့

မော်ရိုကိုနိုင်ငံရှိ မိဘမဲ့ ဂေဟာတစ်ဦးတွင် စေတနာ့ဝန်ထမ်းလာရောက် လုပ်ကိုင်နေသည့် အသက် ၂၂ နှစ်အရွယ် နော်မီဂရင်းဆလိတ်ဆိုသူ မိန်းကလေးသည် လုယက်သူများကြောင့် ဓားဒဏ်ရာရခဲ့ပြီး မိမိအသက်သေနိုင်ကြောင်း စိုးရိမ်ခဲ့သော်လည်း ဆေးရုံအရောက်တွင် သူငယ်ချင်းများနှင့် Selfie ပုံ ရိုက်ယူခဲ့သည်။ ဂရင်းဆလိတ်သည် မာရာကက်ရှ်မြို့ရှိ လမ်းမတစ်ခုပေါ်တွင် လုယက်သူများက သူမ၏လက်ဆွဲအိတ် အား တောင်းခဲ့ရာ မရသောကြောင့် ဓားဖြင့် ရင်ဘတ်နေရာကို ထိုးလိုက်သော်လည်း သူမက နောက် သို့...

ကာချုပ်မိန့်ခွန်းက အခြေခံဥပဒေပြင်ဆင်ရေး တွန်းအားပင် ဖြစ်စေဟု သုံးသပ်

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလိုက်သည့် စကားကြောင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများ ကြိုးပမ်းနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တွန်းအားတစ်ရပ်ပင် ဖြစ်စေကြောင်း နိုင်ငံရေး အင်အားစုများက ဆိုလာသည်။ ဦးသိန်းစိန် အစိုးရသက်တမ်း ၁၉ လသာ ကျန်တော့သည့် အချိန်၊ အတိုက်အခံ နိုင်ငံရေး အင်အားစုများက ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရန် ကြိုးပမ်းနေချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်...

HIV ကာကွယ်ဆေးကို ဖော်စပ်ထုတ်လုပ်နိုင်ပြီ။

ပြင်သစ်နိုင်ငံ ပဲရစ်ဒက်စကာတီးတက္ကသိုလ်နှင့် တရုတ်နိုင်ငံ တရုတ်ဆေးဝါး တက္ကသိုလ်မှ သိပ္ပံပညာရှင်များက HIV ကာကွယ်ဆေး တစ်မျိုးကို မမျှော်လင့်ပဲ တွေ့ ရှိခဲ့ကြပြီး မျောက်များတွင်စမ်းသပ်အောင်မြင်ပြီးကာ လူသားများ အတွက် HIV ကာကွယ်ဆေး သောက်ဆေးကို ဖော်စပ်ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရသည်။ Macaque မျောက်များတွင် ကူးစက်ပြန့် ပွားသော SIV ပိုးသည် လူသားများတွင် ကူးစက်ပြန့် ပွားသော HIV ပိုးနှင့် တူညီပြီး တွေ့ ရှိထားသောကာကွယ်ဆေးကို SIV ကူးစက်ခံထားရသော မျောက်များအားတိုက်ကျွေးကြည့်ရာ...

မကာအို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အကြီးအကဲ ပြိုင်ဘက်မရှိ ရွေးချယ်တင်မြှောက်ပွဲတွင် ဒုတိယအကြိမ် ဆက်လက် အာဏာရ

ဟောင်ကောင်ကဲ့သို့ပင် တရုတ်နိုင်ငံ၏ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုဖြစ်သည့် မကာအို တွင် လက်ရှိခေါင်းဆောင် ဖြစ်သူအား ဒုတိယ သက်တမ်းအတွက် သြဂုတ် ၃၁ ရက်တွင် ရွေးချယ် တင်မြှောက်လိုက်ကြောင်း သိရသည်။ တရုတ်အစိုးရအား ခိုင်ခိုင်မာမာ ထောက်ခံထားသည့် အဖွဲ့ဝင် ၄၀၀ ပါဝင်သော ရွေးကောက်ပွဲကော်မ တီအဖွဲ့ဝင် ၃၉၆ ဦးက အုပ်ချုပ်ရေးမှူး ဖာနန်ဒို ချူးအား ထောက်ခံမဲ ၃၈၀၊ ဗလာမဲ ၁၃ မဲ၊ ပယ်မဲ သုံးမဲဖြင့် ပြန်လည်ရွေးချယ်လိုက်ခြင်းဖြစ်သည်။ မကာအိုဒေသ၏ ဒီမိုကရေစီလိုလားသော...

အီဘိုလာဗိုင်းရပ် ကူးစက်ရာတွင် သန္ဓေပြောင်း၊ ဆေးဝါးများဖြင့် ကာကွယ်ကုသနိုင်ရန် မဝေးတော့။

နိုင်ငံတကာအရေးပေါ်အခြေအနေ ထုတ်ပြန်ကြေငြာရသည့်အထိ ကူးစက်မှု၊သေဆုံးမှု ဆိုးရွားပြင်းထန်နေသော အီဘိုလာဗိုင်းရပ်၏ သဘောသဘာဝနှင့် ကာကွယ်ဆေး၊ကုသဆေး ထုတ်လုပ်မှုဆိုင်ရာ နောက်ဆုံးတွေ့ ရှိချက်ကို  သုတေသီများက ယမန်နေ့ ကထုတ်ပြန်ကြေငြာခဲ့ရာ အီဘိုလာဗိုင်းရပ်သည် လူတစ်ဦးမှတစ်ဦးသို့  ကူးစက်ရာတွင် သန္ဓေပြောင်းလဲလေ့ရှိပြီး တိရိစ္ဆာန်များတွင်ထက် လူသားများတွင် သန္ဓေပြောင်းလဲမှုပို၍မြန်ဆန်ကြောင်း၊ သို့ သော် ယခုဖော်စပ်ထုတ်လုပ်နေသည့် ဆေးဝါးများက အီဘိုလာဗိုင်းရပ် သန္ဓေပြောင်းလျင်လည်း...

အာဆီယံ-တရုတ် လှယဉ်ကျေးမယ်ပြိုင်ပွဲက သရဖူဆောင်းတဲ့ အိန္ဒြာသီရိကို

တရုတ်နိုင်ငံ တာ့လျန် မြို့တွင် ကျင်းပခဲ့သော (၁၀) ကြိမ်မြောက် ‘‘အာဆီယံ-တရုတ် လှယဉ်ကျေးမယ်’’ ပြိုင်ပွဲကို မြန် မာနိုင်ငံကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ခဲ့သည့် အိန္ဒြာသီရိကိုက သရဖူဆု ဆွတ်ခူးခဲ့ကြောင်း သ တင်းရရှိသည်။ ထို့အပြင် အိန္ဒြာသီရိနှင့်အ တူ မြန်မာနိုင်ငံကိုယ်စားပြုဝင် ရောက် ယှဉ်ပြိုင်သော ချောစု လင်းဖြူသန့်သည်လည်း Inter-national Friendship ဆု ရရှိခဲ့ သည်။ ထို့ကြောင့် ၎င်းတို့ဆုရှင်နှစ် ဦးသည် ယနေ့ သြဂုတ် ၃၁ ရက် တွင် မြန်မာနိုင်ငံသို့ တရုတ်လေ...

အူရီးဒူးကွန်ရက် ရှေ့လလယ်တွင် လူဦးရေ ၁၂ သန်းလွှမ်းခြုံနိုင်မည်ဟု ဆိုပြန်

ပြည်ပဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် အူရီးဒူး သည် ၎င်းတို့၏ မိုဘိုင်းကွန်ရက် ကို စက်တင်ဘာ ၁၅ ရက်မှစတင် ၍ နိုင်ငံတစ်ဝန်းရှိ လူဦးရေပေါင်း ၁၂ သန်းကျော်အား လွှမ်းခြုံနိုင် စေရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်လိုက် သည်။ ‘‘ကျွန်တော်တို့ရဲ့ ကွန်ရက် ကို ပိုကောင်းအောင် ဆက်တိုက် တိုးချဲ့နေပါတယ်။ စက်တင်ဘာ ၁၅ မှာ လူဦးရေ ၁၂ သန်းကို လွှမ်းခြုံနိုင်မှာ ဖြစ်တဲ့အတွက် ဒါဟာ ဈေးကွက်မိတ်ဆက်ပြီး နောက်ပိုင်း တစ်လအတွင်း တိုး တက်လာတာပါ’’ဟု အူရီးဒူးမြန် မာ၏...

ပြောင်းရွှေ့ကြေး ပေါင် ၁၄ သန်း ၀န်းကျင်နဲ့ မန်ယူအသင်းက ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ အေဂျက်ဇ်အသင်းက ဟော်လန်နောက်ခံလူ ဒါလေဘလင်း

ပြောင်းရွှေ့ကြေး ပေါင် ၁၄ သန်း ၀န်းကျင်နဲ့ မန်ယူအသင်းက ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ အေဂျက်ဇ်အသင်းက ဟော်လန်နောက်ခံလူ ဒါလေဘလင်းဟာ မန်ယူအသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် မန်ချက်စတာမြို့မှာရှိတဲ့ Bridgewater ဆေးရုံကို ရောက်ရှိလာပုံပါ။Mizzima...

မြန်မာပြည်ဖွား အမျိုးသမီး Alex Wagner ရဲ့ လက်ထပ်ပွဲ အိုဘားမားတက်မယ်

အမေရိကန်ရုပ်သံလိုင်း MSNBC ရဲ့ နာမည်ကျော် စီစဉ်တင်ဆက်သူတယောက်ဖြစ်တဲ့ Alex Wagner က မြန်မာပြည်ဖွား အမျိုးသမီးပါ။ သူ အခု မင်္ဂလာဆောင်ပါပြီ။ သူ့မင်္ဂလာဆောင်ကို သမ္မတအိုဘားမားတို့ဇနီးမောင်နှံလည်း တက်ရောက်ပါမယ်။ ဘာကြောင့်လဲ ဆိုတော့ သတို့သားက အိမ်ဖြူတော်ရဲ့ စားဖိုမှူးကြီးဖြစ်နေလို့ပါပဲ။ သူတို့နှစ်ယောက် ပြီးခဲ့တဲ့နှစ်မှာ စေ့စပ်ကြောင်းလမ်းခဲ့ကြတာပါ။ အခုတော့ စနေနေ့မှာ မင်္ဂလာဆောင်ပါပြီ။ Alex Wagner ရဲ့ မိခင် ဒေါ်တင်ဆွေသန့်က အမေရိကန်မှာ အခြေချနေထိုင်တဲ့...

မျိုးဆက်သစ်များနဲ့ အကျိုးအမြတ်မယူဘဲ ရာသက်ပန်စာချုပ်ချုပ်မယ့် လင်းလင်း

ဂီတမျိုးဆက်သစ်များ ကို ဖိတ်ခေါ်၍ တေးစီးရီးထုတ် ပေးရန် စီစဉ်လျက်ရှိသော အဆို တော်လင်းလင်းက အယ်လ် ဘမ်တွင်ပါဝင်ခွင့်ရရှိလာမည့်သူ များ၏ ရှေ့ဆက်လုပ်ကိုင်မည့် အနုပညာအလုပ်များအတွက် အကျိုးအမြတ်ငွေကြေးရယူမည် မဟုတ်သော်လည်း ရာသက်ပန် စာချုပ်ချုပ်ဆိုသွားမည်ဖြစ် ကြောင်း ဆိုသည်။ ‘‘လူပင်ပန်း၊ စိတ်ပင်ပန်း၊ အချိန်ကုန်ခံပြီးတော့မှ စီစဉ်ရွေး ချယ်ပြီး မွေးထုတ်လိုက်တာဆိုပေ မယ့် အနုပညာလမ်းကြောင်းပေါ် ရောက်သွားမယ့် မျိုးဆက်သစ် တွေကို အသင့်ခူးယူပြီးတော့ အမြတ်ထုတ်တာကို...

ခွဲစိတ်ပြုပြင် မထားဘဲ ဘာဘီအရုပ်နဲ့ ခွဲမရအောင် တူတဲ့ အသက် ၁၆ နှစ် အရွယ် ယူကရိန်းသူလေး

ခါသေးသေး ရင်ချီချီနဲ့ ကမ္ဘာကျော် ဘာဘီ (Barbie) အရုပ်မလေးတွေကို လူတိုင်း သိကြမှာပါ။ ဒီအရုပ်မလေးတွေနဲ့ တူတဲ့ လူသားမိန်းကလေးတွေလည်း ကမ္ဘာတစ်ဝှမ်းမှာ အများကြီး ပေါ်ထွက်ခဲ့ဖူးပါတယ်။ အဲဒီအထဲက ဘာဘီအရုပ်မလေးတွေနဲ့တူတဲ့ အသက်အငယ်ဆုံး မိန်းကလေးတစ်ယောက်ကတော့ ယူကရိန်းနိုင်ငံက အသက် ၁၆ နှစ်အရွယ် မိ လိုလီတာ ရီချီပဲ ဖြစ်ပါတယ်။ အချိုးကျတဲ့ ခန္ဓာကိုယ်၊ ရှင်းသန့်တဲ့ မျက်နှာ၊ လက်မ ၂၀ ရှိတဲ့လက်ကောက်ဝတ်၊ ဘရာဆိုက် 32 F နဲ့ သူမဟာ တကယ့် ဘာဘီရုပ်ကလေး တစ်ရုပ်လိုပါပဲ။ ၀ိုင်းစက်တဲ့သူမရဲ့...

သမီးအတွက် ပြင်ဆင်ထားတာတွေ ရှိပါတယ်ဆိုတဲ့ ထူးအယ်လင်း

အဆိုတော် ထူးအယ်လင်းက မိသားစု ပြဿနာများရှိခဲ့ သော်လည်း သမီးဖြစ်သူ၏ ရှေ့ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ပြောသည်။ သမီးအတွက် ကတော့ ပြင်ဆင်ထားရတာပေါ့။ ကျောင်းနေဖို့လည်း ရှိတယ်။အဲတော့ ပါးပါးရော၊ မိုးမိုးရော အလုပ်လုပ်ရမယ့် သဘောတော့ ရှိတာပေါ့။ ဒါပေမဲ့ သမီးကို အလိုလိုက်လို့ ပျက်စီးသွားတာမျိုး မကြိုက်ဘူး။ အရင်တုန်း ကလည်း ကိုယ့်ဘာသာကို ရုန်းကန်လာရတာ ဆိုတော့ သမီးကို အဖြစ်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခုလိုဖြစ်သွားတဲ့ အခြေအနေတွေက သမီးအတွက်...

အလှမယ်များ အော်ဂနိုက်ဇေးရှင်း၏ စကားကို နားထောင်နိုင်ရန်လိုအပ်သည်ဟု သျှားထွဋ်အိန္ဒြာ ဆို

မြန်မာနိုင်ငံတွင် ရွေးချယ်ခြင်းခံရသည့် အလှမယ်များသည် အော်ဂနိုက်ဇေးရှင်းများ၏ စကားကိုနားထောင်ရန် လိုအပ်ပြီး စည်းမျဉ်းစည်းကမ်းများနှင့် အတူ လိုက်နာဆောင်ရွက်သင့်သည်ဟု Miss Universe Myanmar ဆုရှင် သျှားထွဋ်အိန္ဒြာ ကမဇ္ဈိမကိုပြောသည်။ " သမီးတို့ မြန်မာနိုင်ငံမှာ ခေါင်းစဉ် အမျိုးမျိုးနဲ့ အလှမယ်တွေ အများကြီးရှိပါတယ်။ အားလုံး သူအရည်အချင်းနဲ့သူ တော်ကြတဲ့ သူတွေချည်းပါပဲ။ ဒါပေမယ့် သူ့အယူအဆနဲ့ အော်ဂနိုက်ဇေးရှင်းတွေရဲ့အယူအဆတွေ ကွဲလွဲလာတဲ့ အခါအခုလိုမျိုး ပြဿနာတွေဖြစ်လာတာပါ။...

လယ်မြေသိမ်းဆည်းခံရမှုများအပေါ် အစိုးရ၏ စီမံခန့်ခွဲမှု အားနည်းနေခြင်းအတွက် တောင်သူလယ်သမား ၁၀၀၀ ကျော် မအူပင်၌ ဆန္ဒပြ

လယ်မြေသိမ်းဆည်း ခံရမှုများအပေါ် အစိုးရ၏စီမံခန့်ခွဲမှု အားနည်းနေခြင်းအတွက် တောင်သူလယ်သမား ၁ဝဝဝ ကျော် မအူပင်မြို့နယ်၌ ဩဂုတ် ၃ဝ ရက် နေ့လယ်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲ၊ လပ္ပတာ၊ မော်ကျွန်း၊ ဘိုကလေး၊ ဇလွန်၊ ဟသာင်္တ စသော ဧရာဝတီတိုင်းမြို့နယ်မှ လယ်သမားများသည် ၎င်းတို့နယ်တွင် ကြုံ တွေ့နေရသော လယ်ယာမြေအခက်အခဲများအတွက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ လယ်သမားအင်အား ၁၂ဝဝ ခန့်သည် နံနက် ၉ နာရီခန့်တွင် မအူပင်မြို့ မြို့ရှောင်လမ်းနှင့် ရေလဲလမ်းဆုံတွင်...

ခရစ်ယာန်တရားဟော ဓမ္မဆရာတချို့ ငရဲသို့ သွားရလိမ့်မယ်လို့ ပြောဆိုခဲ့တဲ့ Pastor Chris Oyakhilome

( Christ Embassy Church အဖြစ်နဲ့လည်းသိရ) လူသိများတဲ့ Believers Love World Assembly အသင်းတော် ရဲ့ တည်ထောင်သူနဲ့ ဦးဆောင်ဓမ္မဆရာလည်းဖြစ်တဲ့ Pastor Chris Oyakhilome က ဘုရားသခင်ကို မနာခံမှုကြောင့် ဓမ္မဆရာအမြောက်အများ ငရဲကို သွားကြရပါလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ City People ရဲ့ သတင်းအစီရင်ခံစာတစ်ခုအရ (Lessons of Lot) လို့ ခေါင်းစဉ်ပေးထားတဲ့ တရားဒေသနာ ဟောကြားနေစဉ် Pastor Chris က သူ့အသင်းတော်ထဲ အသင်းသားတွေကို ဓမ္မဆရာအများစုဟာ ဘာကြောင့် ကောင်းကင်ဘုံနဲ့...

ရုရှားပေါ် ပိတ်ဆို့မှုသစ် EU ချမှတ်နိုင်

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို Russia က နောက်ပြန်လှည့်လို့ မရတဲ့ အခြေအနေဖြစ်အောင်တွန်းပို့နေတယ်လို့ EU ထိပ်တန်း တာဝန်ရှိသူတယောက်က ပြောပြီး Russia အစိုးရသဘောပေါက်အောင် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုသစ်တွေ EU ကချမှတ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ EU ထိပ်သီးစည်းဝေးပွဲတွေကျင်းပနေတဲ့ Belgium နိုင်ငံ Brussels မြို့တော်မှာ EU ကော်မရှင်အကြီးအကဲ Jose Manuel Barroso က ယူကရိန်းသမ္မတ Petro Poroshenko နဲ့အတူ ပြောကြားခဲ့တာဖြစ်ပါတယ်။ ယူကရိန်းနဲ့...

နိုင်ငံရေးဆွေးနွေးပွဲအတွက် အဆိုပြုချက် NDF ရေးဆွဲ

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲမှာ တက်ရောက်သင့်တဲ့ ပါတီအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်အရေအတွက် အချိုးအစားပုံစံကို အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက ရေးဆွဲထားကြောင်း သိရပါတယ်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ရေးဆွဲ ထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ရမယ့်အဖွဲ့ အစည်းတွေပုံစံနဲ့ပတ်သက်ပြီး ပါတီဥက္ကဌ ဦးခင်မောင်ဆွေက အခုလိုပြောပါတယ်။ "နိုင်ငံရေးပါတီတွေနဲ့ပတ်သက်လို့ MBC...

ဆိုင်ကယ်ဆီဖြည့်စဉ် အင်ဂျင်အပူပေါ်သို့ ဆီများကျရာမှမီးလောင်မှုဖြစ်

၃၁.၈.၂၀၁၄ရက်နေ့ ၀၀၁၅ အချိန်ခန့်တွင် အင်းစိန်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန် (၅၀)ကွေ့ပန်းခြံအနီး၌ ဆိုင်ကယ်(၁)စီးမီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေး ရာနံ့သာကုန်း ရပ်ကွက်၊ နံ့သာကုန်းလမ်းဘေးတွင် SUZUKI -110 အမျိုးအစားနက်ပြာရောင် ဆိုင်ကယ် (၁)စီးမှာမီးလောင်မှု ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ ၃၀.၈.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့်က ဆိုင်ကယ်စီးနင်းသူ (စုံစမ်းဆဲ)မှ ဆိုင်ကယ်ကိုဆီဖြည့်စဉ် အင်ဂျင်ပေါ်သို့ ဓါတ်ဆီများကျခဲ့ရာမှ...
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ်္ထီလာမြို့၊ ဧရာဝတီဘဏ်တွင် ရဲတပ်သား လေးမြင့်သည် လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ် မိတ်္ထီလာမြို့၊ ဈေးအရှေ့ပြင်ရပ်နေ ဘီလူး(ခ)အောင်နိုင်ဦး(၃၈)နှစ် ရောက်ရှိလာကာ ဘဏ်ရှေ့တွင်ရပ်ထားသော ရဲတပ်သား လေးမြင့်၏ဆိုင်ကယ်အား ခြေထောက်ဖြင့်ကန်သဖြင့် မပြုလုပ်ရန်တားခဲ့သည်။ ထိုသို့ တားစဉ် ဘီလူး(ခ)အောင်နိုင်ဦးမှ ဆဲဆိုပြီး အသင့်ယူဆောင်လာသည့် ၀ါးတုတ်ဖြင့်ရိုက်ပြီး တုတ်ကျိုးသွား၍ သံတုတ်နှင့်ထပ်မံလိုက်ထိုးသဖြင့်...

ပါကစ္စတန်မှာ ရဲနဲ့ ဆန္ဒပြသူကြား အဓိကရုဏ်းဖြစ်

ပါကစ္စတန်မြို့တော် အစ္စလာမ် မာဘတ်မှာ ထောင်နဲ့ချီတဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် နဝပ်ဇ် ရှာရစ်ဖ်ရဲ့ နေအိမ်ဆီကို ချီတက် သွားနေတုန်း ရဲနဲ့ ဆန္ဒပြ သူတွေကြား အဓိကရုဏ်း ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေ ဝန်ကြီးချုပ်ရဲ့အိမ်ထိ မသွားနိုင်အောင် ရဲတွေဘက်ကလည်း မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ပြီး တားဆီး နှိမ်နင်းခဲ့ပါတယ်။ ဆန္ဒပြသူတွေ အများအပြားကလည်း တုတ်တွေ၊ ခဲတွေကိုင်ထားပြီး ရဲတွေကိုလည်း ပစ်ပေါက်ခဲ့ပါတယ်။ ဆန္ဒပြ ခေါင်ဆောင်းတစ်ဦးဖြစ်တဲ့...

တစ်ရေးတစ်မောအိပ်ရန် သင့်လျော်ချိန်နှင့် နည်းလမ်းများ

နေ့ခင်းဘက်တစ်ရေးတစ်မောအိပ်ခြင်းမှာ သက်သောင့် သက်သာဖြစ်စေပြီး စိတ်ပင်ပန်းခြင်းကို လျှော့ချပေးကာ သတိရှိ မှုနှင့် စိတ်ခံစားချက်ပိုကောင်းစေပြီး မှတ်ဉာဏ်ပိုကောင်းခြင်း၊ စိတ်ရှုပ်ထွေးမှုလျှော့ချပေးခြင်း၊ အမှားနည်းပါးအောင် ကူညီပေးနိုင်ခြင်းတို့ကဲ့သို့ စိတ်စွမ်းရည်ကို မြင့်တက်စေနိုင်ကြောင်း မေယိုဆေးရုံမှ ကျန်းမာရေးကျွမ်းကျင်သူများက ပြောသည်။ နေ့ခင်းဘက်မည်မျှကြာကြာ တစ်ရေးအိပ်မည်၊ မည်သည့် အချိန်တွင် အိပ်မည်ဆိုခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးပညာရှင်များ၏...
ဒုတိယအချီတွင် ခရွန်ကို ထွန်းထွန်းမင်းအနိုင်ယူနိုင်ခဲ့သော်လည်း ရုပ်သံလိုင်းများမှ ပွဲစဉ်များကို ထုတ်လွှင့်ပြသခြင်းမရှိသည့်အတွက် လက်ဝှေ့ဝါသနာရှင်များဝေဖန်မှုများရှိနေ ယနေ့ (၃၁.၈.၂၀၁၄) ၊ စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ထိုင်း၊ဖိလစ်ပိုင်၊မြန်မာ သုံးနိုင်ငံ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော ထွန်းထွန်းမင်း က ထိုင်းနိုင်ငံမှ ခရွန် ကို အနိုင်ရယူနိုင်ခဲ့သည်။ ထွန်းထွန်းမင်း ထိုးလုံး သက်ကွက် အကွက်စေ့စေ့ဖြင့်...

ခလုတ်နှိပ်ရုံဖြင့် ဆံပင်အရောင်ပြောင်းမည့် စက်လာတော့မည်

ဆံပင်အရောင် ဆိုးရသည်မှာ ငွေကုန် အချိန်ကုန် ရုံသာမက ဆံပင် ပျက်စီးမှုလည်း များသည်။ အမျိုးသမီး အများစုက အိမ်တွင် ခလုတ်နှိပ်ရုံဖြင့် ဆံပင်အရောင် ပြောင်းလဲနိုင်သည့် နည်းရှိပါက ၀မ်းမြောက် ၀မ်းသာ ကြိုဆိုကြမည် ဖြစ်သည်။ ယခုအခါ သိပံ္ပပညာရှင်များ က ဆံပင်ဖြောင့်စက် နှင့် အသွင်တူပြီး ဆံပင်ပေါ်တွင် အရောင်နှင့် ဒီဇိုင်းကွက်ပါ ဖော်နိုင်သည့် ကိရိယာမျိုးကို တီထွင်ရန် ပထမခြေလှမ်း လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ဈေးကွက်တွင် ဆံပင်ဆိုးဆေး တံဆိပ်ပေါင်း များစွာရှိပြီး...

တမူးမြို့တွင် ဘိန်းဖြူ ၁၂ဝ ဂရမ် ဖမ်းဆီးရမိ

သြဂုတ် ၂၉ ရက်က မူးယစ်တပ်ဖွဲ့စု(၇)တမူး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့၊ စော်ဘွား(၅)ရပ်ကွက်၊ ‘ဆန်းစစ်’ လ္ဘက်ရည် ဆိုင်သို့ ရောက်ရှိလာသူ သက်ထူး၊ မျိုးမင်းအောင်နှင့် ဂင်္ဂါမောင် ဆိုသူတို့အား ရှာဖွေရာ သက်ထူး ဆိုသူ ကိုင်ဆောင်လာသည့် ကြွပ်ကြွပ်အိတ် နှင့် ၎င်း၏ ဆိုင်ကယ် တူးဘောက်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၁၂ဝ ဂရမ် သိမ်းဆည်းရမိသဖြင့် သက်ထူး(ခ)မြတ်ထူး (၃၃ နှစ်)၊ မျိုးမင်းအောင် (ခ) အဲလေး(၂၇ နှစ်) နှင့်...

ပြင်သစ် ပုပ်ရဟန်းမင်းကြီးကို ISIS စစ်သွေးကြွများ ပစ်မှတ် ထားနေသည်ဟုဆို

ISIS စစ်သွေးကြွများသည် ပုပ်ရဟန်းမင်းကြီးကို ပစ်မှတ်ထားလျက်ရှိကြောင်း သတင်းစာကြီး တစ်စောင်က ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် အဆိုပါ သတင်းစာ၏ ထုတ်ပြန်ချက်သည် မှန်ကန်မှုမရှိကြောင်း၊ ဗာတီကန်နန်းတော်က ပြောကြားခဲ့ပြီး အဆိုပါ သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု မရှိကြောင်း၊ ၎င်းသတင်းသည် အခြေအမြစ်မရှိကြောင်း ဗာတီကန်နန်းတော်မှ ပြောရေးဆိုခွင့်ရှိသူ ဘုန်းတော်ကြီး ဖတ်ဒီအိုကိုလွန်ဗာဒီက Catholic သတင်းဌာနသို့ ပြောကြားခဲ့သည်။ ISIS စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့်...

အခန်းပိတ်လှောင် နှိပ်စက်ခံနေရသည့် အိမ်ဖေါ် အလုပ်သမငယ် တစ်ဦးအား ကယ်ထုတ်

ဘန်ကောက်မြို့အနီး နကပထုန် အရပ်တွင် ရှိသော မွေးမြူရေး လုပ်ငန်းရှင် အိမ်တွင် အိမ်ဖေါ် အလုပ် လုပ်ကိုင်နေ သည့် မြန်မာ အမျိုးသမီးအား အဓမ္မပြုကျင့်ပြီး၊ အခန်းတွင်ပိတ်၍ ရိုက်နှက်ခံနေရသဖြင့် ပူးပေါင်း အဖွဲ့များက ကယ်တင် နိုင်ခဲ့သည်။ အသက်၁၉ နှစ်အရွယ် မနန်းစံညွန့် သည် အဆိုပါ ထိုင်းလုပ်ငန်းရှင်ထံတွင် ၃လကြာ လုပ်အားခမရပဲ အိမ်ဖေါ် အလုပ်ကို လုပ်နေခဲ့သည်။ သူမအား အိမ်ရှင်ထိုင်း အကြိမ်ကြိမ် အဓမ္မပြုကျင့်သလို အလုပ်သွင်း ပေးသည့် မြန်မာပွဲစားတစ်ဦး က သူမအား ကြိမ်ဖန်များစွာ...

KNU ကရင် ကိုယ်စားလှယ်များ UNFC ညီလာခံမှ နှုတ်ထွက်

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ညီလာခံကို ဒီကနေ့ ချင်းမိုင်မြို့မှာ ပြန်လည်ကျင်းပရာမှာ UNFC ရဲ့ ဖွဲ့စည်းပုံနဲ့ မူဝါဒတချို့ဟာ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ရဲ့သဘောထားကိုက်ညီမှု မရှိတာကြောင့် မနက်ပိုင်း ဆွေးနွေးပွဲအပြီး KNU ကိုယ်စားလှယ်တချို့ အစည်းအဝေး တက်ရောက်ခြင်း မရှိတော့ပဲ နှုတ်ထွက်သွားခဲ့ ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး UNFC ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်တစ်ဦးလည်းဖြစ် KNU အဖွဲ့က မဟာမိတ်ဆက်ဆံရေးဌာန...

လည်လှီးသတ်ခံခဲ့ရတဲ့ ဓာတ်ပုံ သတင်းထောက် ဂျိမ်းစ်ဖိုလေး၏ မိသားစုထံသို့ နောက်ဆုံးပေးစာ

လွန်ခဲ့သည့် သီတင်းပတ်တွင် IS စစ်သွေးကြွ အကြမ်းဖက် သမားများ၏ သတ်ဖြတ်ခြင်း ကို ခံခဲ့ရသော အမေရိ ကန် သတင်းသမား ဂျိမ်းစ်ဖိုလေး ၏ မိ သားစုက ဂျိမ်းစ် ဖိုလေး အဖမ်းခံနေရစဉ် ဘဝတူ အကျဉ်းသား တစ်ဦးမှ တစ်ဆင့် အိမ်သို့ ပေးပို့သော စာတစ်စောင် ကို ဖေ့စ်ဘွတ်ခ်မှ ဖော်ပြလိုက်သည်။ ထောင်မှူးများက ရှာဖွေသိမ်း ဆည်းသောကြောင့် မိသားစု ထံသို့ စာ ရေးခွင့် မရခဲ့သော်လည်း လွတ်မြောက် ခါနီး အကျဉ်းသား တစ်ဦးအား ဂျိမ်းစ် ဖိုလေးက သူ၏စာကို အလွတ် ကျက်မှတ် စေသည်။ ၄င်းအကျဉ်းသား လွတ်...