သင့်အဖော် ငြိုငြင်တာ မခံရအောင် ချစ်တင်းနှီးနှောစဉ် ဒါတွေကို ရှောင်ကြဉ်ရအောင် (၁၈+) 

အမျိုးသမီးတွေ မကြိုက်တဲ့ အရာအများအပြားကို အမျိုးသားတွေ လုပ်တတ်ကြပါတယ်။ အောက်မှာ ဖော်ပြမယ့် ၁၀ ချက်က အမျိုးသမီးနဲ့ အတူ ချစ်တင်းနှီးနှောစဉ်မှာ အမျိုးသားတွေ ရှောင်ကြဉ်သင့်တဲ့ အရာတွေဖြစ်ပါတယ်။ ၁၀။ ဘာမှန်းမသိသေးခင် အဝတ်အစားချွှတ်ပစ်ခြင်း။ မိန်းကလေးက စိတ်ပါမှန်းမသိ၊ မပါမှန်းမသိပဲ အပေါ်အင်္ကျီချွှတ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။ ဒါဟာ အင်မတန် ရိုင်းစိုင်းပြီး တစ်ဖက်သားကို မလေးစားတဲ့ သဘော ဆောင်ပါတယ်။ ၉။ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိခြင်း။ ရေမချိုးထားတာမျိုး၊ အမွှေးအမြင်တွေ အကြာကြီး မရိတ်ပဲထားတာမျိုးဟာ တစ်ဖက်သားကို ရွံသွားစေပါတယ်။ ဒါဟာ စိတ်ပါနေတဲ့ အမျိုးသမီးကို စိတ်ပျက်သွားအောင် တစ်ခါတည်း လုပ်လိုက်သလိုပါပဲ။ သင်လည်း သင်နဲ့ အတူချစ်တင်းနှီးနှောမယ့် မိန်းကလေးကို သန့်ရှင်းစေချင်တယ် မဟုတ်လား။ တစ်ဖက်သားကလည်း အဲလိုပဲ လိုချင်တယ်ဆိုတာ ကိုယ်ချင်းစာပါ။ ၈။ အစပျိုးမှု မရှိခြင်း။ ကောင်းမွန်တဲ့ ချစ်တင်းနှီးနှောမှုကို လိုချင်တယ်ဆိုရင် ကောင်းမွန်စွာ အစပျိုးရပါမယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေလို ဟောဟောဒိုင်းဒိုင်း လုပ်လို့မရပါဘူး။ တစ်ချို့အမျိုးသမီး တွေဟာ အဆင်သင့်ဖြစ်ဖို့ အချိန်လိုပါတယ်။ နောက်ပြီး သူမအတွက် လမ်းတစ်ဝက်ပဲ ရောက်နေချိန်မှာ အဆုံးမသတ်မိဖို့လဲ သတိထားရပါမယ်။ ၇။ အရေးကြီးတဲ့ နေရာကလွဲလို့ ကျန်တဲ့ နေရာတွေကို မေ့ထားခြင်း။ ခြေထောက်နှစ်ချောင်းကြားမှာ၊ နှုတ်ခမ်းမှာ၊ ရင်သားတွေမှာပဲ အာရုံစိုက်မနေသင့်ပါ။ အမျိုးသမီးတွေဟာ ဟိုဟိုဒီဒီ နှိုက်နှိုက်ချွှတ်ချွှတ် စူးစမ်းတာမျိုးကို သဘောကျပါတယ်။ ၆။အမျိုးသမီးတွေအားလုံးဟာ ဆံပင်ဆွဲတာနဲ့ ရင်သားမှာ ကိုက်ပေးတာကို လိုချင်ကြတယ်လို့ မမှတ်ယူသင့်ပါ။ ညစ်ညမ်း ရုပ်ရှင်မှာတွေ့တိုင်း မှန်တာမဟုတ်ပါဘူး။ Loving couple holdind on the hands and sunset ၅။ ပြင်ပ ပစ္စည်း မထင်မှတ်ပဲ အသုံးပြုခြင်း။ စိတ်ကူးထဲမှာ ရှိတိုင်း လက်တွေ့ မလုပ်သင့်ပါဘူး။ သင့်အဖော်ကို သေချာဆွေးနွေးပြီးမှ တစ်ဖက်သား သဘောတူမှသာ ပြင်ပ ပစ္စည်းတွေကို အသုံးပြုသင့်ပါတယ်။ သင်ပြုလုပ်ထားတဲ့ ပုံတူအရုပ်တွေနဲ့ သူမကို အံ့အားသင့်အောင် မလုပ်ပါနဲ့။ ၄။ ကြမ်းကြမ်းတမ်းတမ်းပြုလုပ်ခြင်း။ သင်ဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေတာမဟုတ်သလို၊ ရေတွင်း တူးနေတာ မဟုတ်ပါဘူး။ ဒါကြောင့် ကြမ်းကြမ်းတမ်းတမ်း လုပ်တိုင်း ကောင်းတာမဟုတ်ဘူး ဆိုတာ သိထားသင့်ပါတယ်။ တစ်ခါတစ်လေ နှေးနှေး၊ တစ်ခါ တစ်လေ မြန်မြန် အပြောင်းအလဲလေးလုပ်ပေးသင့်ပါတယ်။ သင့်အဖော်က ကြမ်းတမ်းဖို့ တောင်းဆိုလာတာ မဟုတ်ရင် သင့်စိတ်ထင်နဲ့ ဇွတ်အတင်းကြီး မလုပ်သင့်ပါ။ သင် သိပ်ကြမ်းတမ်းသွားပါက တစ်ဖက်သားကို နာကျင်စေပါတယ်။ ၃။ အကြာကြီး နားလိုက်တာ။ တကယ်လို့ သင်ဟာ နှေးနှေးလုပ်နေပြီး အနားယူသလိုမျိုး ခဏတစ်ဖြုတ်ရပ်လိုက်ရင် သူမ စိတ်ဝင်စားနေတာ လျော့သွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှုဟာ ခဏတာအတွင်း ပျောက်သွားနိုင်လို့ ဖြစ်ပါတယ်။ ၂။ ခွင့်ပြုချက်မရပဲ နောက်ပေါက် အသုံးပြုခြင်း။ သင့်အဖော်နဲ့ သေသေချာချာဆွေးနွေး ပြီးမှ သို့မဟုတ် သင့်အဖော်က သင့်ကို ခွင့်ပြုပြီးမှ နောက်တံခါးကို အသုံးပြုသင့်ပါတယ်။ couple-hug တကယ်လို့ ခွင့်ပြုချက်မရပဲ နောက်ပေါက် အသုံးပြုတယ်ဆိုရင် သူမကို အရုပ်တစ်ရုပ်လို ဆက်ဆံတာနဲ့ တူပါတယ်။ သူမရဲ့ ခံစားချက်ကို လေးစားမှု မရှိတဲ့အတွက် သူမ ကြိုက်နှစ်သက်မှာ မဟုတ်ပါဘူး။ ၁။ အသံသေး အသံကြောင် သီချင်းများ ဖွင့်ခြင်း။ တက်ခ်နိုမြူးဇစ်တွေ၊ ဟဲဗီးမက်တယ်တွေဟာ သင်ထင်ထားသလို သင့်အဖော်ကို စိတ်ပါလာအောင် ဆွဲဆောင်နိုင်ခြင်း မရှိပါဘူး။ တစ်ဖက်သား သက်သောင့်သက်သာ ဖြစ်စေမယ့် တေးသီချင်း တွေကိုသာ နားထောင်သင့်သလို၊ သူမ ကြိုက်နှစ်သက်တဲ့ သီချင်းကို အသံတိုးတိုးလေး ဖွင့်တာပို သင့်လျော်ပါတယ်။ တစ်ခါတစ်လေ ဘာသီချင်းမှ မဖွင့်တာ အကောင်းဆုံးပေါ့။
Credit to သတင်းအတင်းမီဒီယာ

0 comments:

Post a Comment