လိင်တူ ဆက်ဆံမှုကို ပုပ်ရဟန်းမင်းကြီး မည်သို့ သဘောထားပါသနည်း


Photo အင်တာနက်
ကျူးဘားခရီးစဉ် အပြီး အမေရိ ကန်သို့ သွားရောက်မည့် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်အား လိင်တူ ဆက်ဆံမှု အပေါ် ယင်း၏ သဘော ထားပြောကြားရန် ဗြိတိန်အခြေ စိုက် လိင်တူချစ်သူ အုပ်စုတစ်စုက တောင်းဆိုလိုက်သည်။ ”ဘုရား သခင်ကို ချစ်တဲ့၊ တရားတော်ကို လည်း မြတ်နိုးတဲ့သူ တစ်ယောက် ယောက် လိင်တူ ချစ်သူဖြစ်နေရင် ရဟန်းမင်းကြီး ဘယ်လို သဘော ထားမှာလဲ ဆိုတာ သိချင်ပါ တယ်” ဟု ‘ဂုဏ်သရေ’အမည်ရ ကက်သလစ် ဘာသာဝင် လိင်တူချစ်သူ အုပ်စု တစ်စုက ဆိုသည်။

ယင်းမှာ လိင်တူ ချစ်သူများ အပေါ်ထားရှိသည့် ပုပ်ရဟန်း မင်းကြီး၏ သဘောထားကို တီးခေါက် ကြည့်ခြင်းဖြစ်ရာ လိင်တူမေတ္တာ ရှင်များ အပေါ်ထားရှိသည့် သဘောထား ကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ က ရဟန်းမင်းကြီး သတင်း သုံးရာ ဗာတီကန် နန်းတော် မှ ပြောင်းလဲခဲ့အပြီး ဒုတိယ အကြိမ် မြောက် တောင်းဆိုခြင်းဖြစ်သည်။

ရဟန်းမင်းကြီးသည် ယခုအပတ် အတွင်း အမေရိကန်ပြည် ထောင်စုသို့ ပထမဆုံး အကြိမ် သွားရောက်ရန် ရှိရာ ယင်းကိစ္စနှင့် ပတ်သက် ၍ လူသိရှင်ကြား ပြောကြားရန် နယူးယောက် စိန်ဂျွန်း ဘုရားရှိခိုး ကျောင်းဝင်း တွင် အခြေပြု၍ လှုံ့ဆော် ဆန္ဒပြ မည်ဖြစ်ကြောင်း ဖော်ပြ ပါ လိင်တူအုပ်စုက ဆိုသည်။


ယင်းတို့မှာ ၄င်းတို့၏ လိင်တူ မေတ္တာ ထားရှိသည့် ဆန္ဒကြောင့် လွန်ခဲ့သည့် ၃ နှစ်ခန့်က ဗာတီကန် အသိုင်းအဝိုင်း မှ နှင်ထုတ်ခံရသူ များဖြစ်ကြောင်း သိရသည်။

အရပ်အခေါ် ဘုရင်ဂျီခေါ် ကက်သလစ် ဘုရားကျောင်းများ တွင် လိင်တူမောင်နှံများ လက်ထပ် ပေးခြင်း မရှိသော်လည်း လိင်တူ မေတ္တာ ရှင် များ၏ သမုဒယသံယော ဇဉ်ကိုမူ အသိအမှတ်ပြုကြောင်း သိရသည်။


လိင်တူ လိင်ကွဲ ကိစ္စမှာ အာရှ နိုင်ငံ အများစု တွင် စိတ်ဝင်စားလေ့ မရှိသော်လည်း အနောက်နိုင်ငံများ တွင် ထိရှလွယ်သည့် လူမှုရေး ပြဿနာ တစ်ခု အသွင် ဆောင်လျက် ရှိသည်။ ကမ္ဘာပေါ်တွင် လိင်တူ အခွင့်အရေး အရဆုံးနိုင်ငံမှာ နယူးဇီလန် ဖြစ်ပြီး လက်ရှိ ဝန်ကြီးချုပ် ဂျွန်ကေးမှာ လည်း အိမ်ထောင်ရှိ လိင်တူချစ်သူ တစ်ဦး ဖြစ်သည်။


Ref: BBC News/New Zealand Wikipedia

Popular

0 comments:

Post a Comment