ဖန်စီကားလေးတွေ ရိုက်ဖြစ်တဲ့ ထားထက်ထက်




Miss တစ်ဦးဖြစ်တဲ့ ထားထက်ထက်က ဗီဒီယို ဇာတ်ကားတွေမှာ မင်းသမီးတစ်လက်အဖြစ် သရုပ်ဆောင် လာရတဲ့အတွက် ကာရိုက်တာ မထပ်အောင် သတိထားပြီး လက်ခံဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ “ညီမက အခုဆိုရင် သရုပ်ဆောင်ပိုင်းမှာ ရိုက်ခွင့်တွေ ရလာတယ်။ ဒါကလည်း ပရိသတ်တွေရဲ့ ကျေးဇူးကြောင့်ပါ။ ဒါကြောင့် ညီမကို ပရိသတ် စိတ်မပျက်သွားအောင်လို့ ကာရိုက်တာတွေ မထပ်အောင် သတိထားပြီး လုပ်ထားပါတယ်။ ကာရိုက်တာစုံ မရိုက်ဖူးသေးပေမယ့် အတတ်နိုင်ဆုံး ခွဲထွက်ပြီး ရိုက်သွားမှာပါ။ လတ်တလောတော့ အချစ်ဖန်စီလေးတွေ ရိုက်နေတယ်။ နောက်ပိုင်း ဒရာမာပါ ရိုက်ဖို့ ရှိပါတယ်။ ကိုယ်ကလည်း အသစ်ဆိုတော့ အစစအရာရာ သင်ယူရပါတယ်”လို့ ပြောသွားပါတယ်။လက်ရှိမှာတော့ ဇေရဲထက်နဲ့ အချစ်ဖန်စီကားလေးကို ရိုက်ကူးထားပြီး နောက်ထပ်လည်း သဘာဝကျတဲ့ ကာရိုက်တာလေးတွေနဲ့ တွေ့ရမယ်လို့ ပြောသွားပါတယ်။
Messenger

0 comments:

Post a Comment