ထိုင်းနိုင်ငံ ဗန်ကောက်မြို့လယ် ဗုံးပေါက်ကွဲမှုနှင့်ဆက်စပ်သူ ရှစ်ဦးကို မလေးရှား ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ


ကွာလာလမ်ပူ စက်တင်ဘာ၂၄ 

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ လယ်ရှိ ဟိန္ဒူ ဘာသာရေး အဆောက်အအုံ အနီးတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု နှင့် ဆက်စပ်သည့် လူရှစ်ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိထားကြောင်း ဒေသတွင်းရှိ သတင်းဌာန တစ်ခုက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးခံ ထားရသူများ အနက်လေးဦးမှာ နိုင်ငံခြားသား များဖြစ်ပြီး အခြားလေးဦးမှာ မလေးရှား နိုင်ငံသားများ ဖြစ်ကြောင်း၊ ၄င်းတို့ကို အာဏာပိုင်များက ပြီးခဲ့သည့် သီတင်းပတ်အတွင်း က ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မလေးရှား လက်ထောက် ရဲချုပ် ဒါတွတ် ဆီရီနျူးရာရှစ် အီဘရာဟင်က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ကိုခံထားရ သူများမှာ အသက်၃ဝနှစ် ဝန်းကျင်ရှိကြောင်း ၊ ဖမ်းဆီးခံ မလေးရှားနိုင်ငံ သားများသည် နိုင်ငံအတွင်းသို့ ပြည်ပ နိုင်ငံသားများ ကို တရားမဝင် ကုန်ကူးသူများ ဖြစ်ကြောင်း အီဘရာဟင်က ဆက်လက် ပြောကြားထားသည်။


သို့သော် အခြား အသေးစိတ် အချက်အလက် များကို မလေးရှား အာဏာပိုင်များ က ထုတ်ပြန် ခဲ့ခြင်း မရှိသေး ကြောင်း၊ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ လယ်ရှိ ဧရာဝဏ် နတ်ကွန်းတွင် သြဂုတ် ၁၇ ရက်ကဖြစ်ပွားခဲ့သော ဗုံးခွဲ တိုက်ခိုက်မှု တွင် မလေးရှား နိုင်ငံသားများ အပါအဝင် လူပေါင်း ၂ဝသေဆုံးခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ထိုင်းအာဏာပိုင်များက အပူတပြင်း စုံစမ်း လျက်ရှိကြောင်း သိရသည်။
ပြည်ချစ်သား

0 comments:

Post a Comment