ယာဉ်ထိန်းရဲလာဘ်ငွေတောင်းခံခြင်းအပါအ၀င် ယာဉ်နှင့်ဆိုင်သောကိစ္စများ တိုင်ကြားနိုင်မည့် ဟော့လိုင်းဖုန်းနံပါတ်များထပ်တိုးလိုက်ပြီ

ယာဉ်ကြောရှင်းလင်းရေးဆောင်ရွက်နေသည့် ယာဉ်ထိန်းရဲတစ်ဦး-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

မန္တလေးတွင် ယာဉ် ထိန်းရဲများ လာဘ်ငွေတောင်းခံ ခြင်းအပါအ၀င် ယာဉ်နှင့်ပတ် သက်သော ကိစ္စများ တိုင်ကြားနိုင် မည့် ဟော့လိုင်းဖုန်းနံပါတ်များကို မြို့နယ်အလိုက် ထုတ်ပြန်ခဲ့ ကြောင်း သတင်းရရှိသည်။

ယခင်က မန္တလေးတိုင်း ဒေသကြီးတွင် ယာဉ်ထိန်းတပ်ဖွဲ့ စု သုံးစုသာရှိရာမှ ယခုအခါ တပ် ဖွဲ့စု ခုနစ်စုအထိ တိုးချဲ့ဖွဲ့စည်းပြီး ဖြစ်၍ တိုင်ကြားရန် ဖုန်းနံပါတ် များ ထပ်တိုးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ် ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူးသိန်း ကိုကိုကပြောသည်။

‘‘အရင်က နှစ်မြို့နယ်ကို ဟော့လိုင်းဖုန်းတစ်လုံးပဲရှိတယ်။ အခုတစ်မြို့နယ် တစ်လုံးနှုန်းနဲ့ စီစဉ်ပေးထားတယ်’’ဟု ယာဉ် ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ယာဉ်ထိန်း အရာရှိက ပြောသည်။

လာဘ်ငွေတောင်းခံသည့် ကိစ္စရပ်များအပြင် လိုင်စင်မဲ့ ယာဉ်များ၊ ယာဉ်ကြောရှုပ်ထွေးမှု များ၊ ယာဉ်မတော်တဆမှုများ အစရှိသည့် ဖြစ်စဉ်များနှင့် ပတ် သက်၍ တိုင်ကြားနိုင်သည်ဟု ရဲမှူးက ပြောသည်။

အမှတ် (၁၁) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(မန္တလေး)မှ မန္တလေး တိုင်းဒေသကြီးအတွင်း ၂၀၁၅ ဇန်န၀ါရီ ၁ ရက်မှ စက်တင်ဘာ ၁၉ ရက်အထိ တရားမ၀င်လိုင်စင်မဲ့ ယာဉ် ၇၅ စီးဖမ်းမိခဲ့ပြီး ဖုန်းများ ဖြင့် တိုင်ကြားမှုကြောင့် ဖမ်းဆီး နိုင်ခဲ့သည့် လိုင်စင်မဲ့ယာဉ်များ ပါဝင်ကြောင်း ယာဉ်ထိန်း အရာရှိများက ပြောကြားသည်။

ပြည်သူများအနေဖြင့် တိုင် ကြားလိုပါက တာဝန်မှူး ၀၂ ၆၇၄၂၈၊ အောင်မြေသာစံ အမှတ်(၈၅)၊ ပုသိမ်ကြီးအမှတ် (၈၆)၊ ပြည်ကြီးတံခွန် အမှတ် (၈၇)၊ အမရပူရ အမှတ် (၈၈)၊ ချမ်းမြ သာစည် အမှတ် (၈၉)၊ မဟာ အောင်မြေ အမှတ် (၉၀)၊ ချမ်း အေးသာစံ အမှတ် (၉၁)၊ ကျောက်ဆည် အမှတ် (၉၂)၊ ညောင်ဦး အမှတ် (၉၃)၊ ပြင်ဦးလွင် အမှတ် (၉၄)၊ မြင်းခြံအမှတ် (၉၅)၊ မိတ္ထီ လာအမှတ် (၉၆)၊ ရမည်းသင်း အမှတ် (၉၇)တို့ကို သတ်မှတ် ပေးထားပြီး တိုင်ကြားလိုသည့် မြို့နယ်အမှတ်၏ ရှေ့တွင် ၀၉ ၂၆၅-၈၄၁၃ ခံကာ ဆက်သွယ် ပြောကြားနိုင်ကြောင်း သတင်းရရှိသည်။
7 Day

0 comments:

Post a Comment