အရည်အသွေးကို ပိုတန်ဖိုးထားတဲ့ ခွန်းဆင့်နေခြည်






ပရိသတ် လက်ခံပြီးဖြစ်တဲ့ သရုပ်ဆောင် တေးသံရှင် ခွန်းဆင့်နေခြည်က နောက်ပိုင်းမှာ ဇာတ်ကားတွေရဲ့ အရေအတွက်ထက် အရည်အသွေးကို ပိုကြည့်ဖြစ်နေပါတယ်လို့ ပြောပြခဲ့ပါတယ်။ “ညီမ ဒီနောက်ပိုင်း သရုပ်ဆောင်ပိုင်းရော၊ နောက် အဆိုပိုင်းမှာရော သတိထားပြီး လုပ်ဖြစ်လာတယ်။ သတိထားဖြစ်တယ် ဆိုတာက အရေအတွက်ထက် အရည်အသွေးပိုင်း ပိုပြီး အလေးထား ဖြစ်လာတာပါပဲ။ အခုနောက်ပိုင်း ပရိသတ်တွေက မျက်စိပွင့် နားပွင့်ဖြစ်လာတယ်။ ဘယ်လိုလူတွေကတော့ အဖြစ်လုပ်ထားတယ်။ နောက်ပိုင်းလည်း ညီမရဲ့ ဇာတ်ကားပဲဖြစ်ဖြစ်၊ သီချင်း အခွေပဲဖြစ်ဖြစ်၊ အရည်အသွေးကို ပိုတန်ဖိုးထားသွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။ ခွန်းဆင့်နေခြည် အနေနဲ့ ကျောက်ဆူး ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးကို လုပ်ကိုင်နေပြီး“စာလာလာ မဖတ်နဲ့” MTV ကို ထွက်ရှိထားတယ်လို့ သိရပါတယ်။
Messenger

0 comments:

Post a Comment