ကြက်သွန်ဖြူ ပျားရည်စိမ် စားခြင်းဖြင့် အသက်ရှည်နည်း


ကွယ်လွန်သွားတဲ့ အဘိုးကို သတိရမိရာကနေ ဘိုးဘိုးရဲ့ သက်ရှည်ရခြင်း ကျန်းမာရေး ဂရုစိုက်တဲ့ နည်းလေးရေးမယ်ဆို ဒီပို့စ်ကို ရေးဖြစ်သွားတယ်
ကလေးတုန်းက ကြက်သွန်ဖြူကို သွားကြားထိုးတံနဲ့ အပေါက်လေးတွေ ဖောက်နေတာမြင်ရင် နားမလည်ခဲ့ဘူး
ဘိုးဘိုးက ကြက်သွန်ဖြူထဲ ပျားရည်စိမ့်ဝင်အောင်လေဆို အာ့လိုစားတာ အသက်ရှည်ကျန်းမာတယ်ဆို ပြောလည်း ကလေးဆိုတော့ အာ့တာတွေ မစားချင်ဘူးဆို ပြောတတ်တယ်
အခုတော့ အကျိုးကျေးဇူးကိုသိသလို နေ့တိုင်းကြက်သွန်ဖြူပျားရည်စိမ်စားဖြစ်တယ်

ပါဝင်ပစ္စည်းများ
ကြက်သွန်ဖြူ
ပျားရည်

တချို့က ရေရောပြီး လုပ်ကြတယ် ဒါပေ့မယ့် ရေမရောပဲ စိမ်တာပိုထိရောက်ပါတယ်

အကျိုးကျေးဇူးများ

နေ့စဉ်စားသုံးခြင်းကြောင့်

၁ ကင်ဆာရောဂါကာကွယ်ခြင်း
၂ ကြက်သွန်ဖြူမှာ glutathione ပါဝင်လို့ အသားဖြူစေတယ်
၃ ပျားည်ပါဝင်လို့ ရောဂါကင်းပြီး ကျန်းမာစေတယ်
၎ ကြက်သွန်ဖြူက မနံတော့ပဲ စားလို့ အဆင်ပြေသလို အစာကြေတယ် ကျန်းမာရေးအတွက်ကောင်းတယ်
၅ အပူအပုပ်ရှင်းတယ်

တခြားအကျိုးကျေးဇူးများလည်းရှိပါတယ်

လုပ်ဆောင်နည်း

ကြက်သွန်ကို ပျားရည်စိမ့်ဝင်ရန် အပေါက်လေးတွေ ဖောက်ပေးပါ
ကြက်သွန်ဖြူကို ပျားည်ဘူးထဲ အပြည့်ထည့်စိမ်ပါ

တနေ့ကို မနက်တခု နေ့လည်တခု ညတခု စားသူံ့းခြင်းဖြင့် ကျန်းမာပြီး အသက်ရှည်သလို အသားအရေလည်း လှပပါတယ်


0 comments:

Post a Comment