ဆိုင်ကယ်ကိုတားကာလိုင်စင်စစ်ဆေးဖမ်းဆီးသည်ကို မကျေနပ်သဖြင့် ယာဉ်ထိန်းရဲကို ဓားဖြင့် ထိုးသဖြင့် သေဆုံးသွားသည့် ဖြစ်ရပ်တစ်ခု မန္တလေးမြို့တွင် ယနေ့ (စက်တင်ဘာ ၂၄ရက်) နံနက် ၉နာရီကဖြစ်ပွားခဲ့သည်။
ကျုံးရှေ့ရှိအောင်မြေသာစံမြို့နယ် ၁၉လမ်း၆၆လမ်းတွင် ယာဉ်စည်းကမ်းစစ်ဆေးနေသည့် ယာဉ်ထိန်းကှို မကျေနပ်သောအမျိုးသားနှစ်ဦးမှ ဓားဖြင့်ထိုသတ်ခဲ့ခြင်းဖြစ်သည်။
“ပထမက လိုင်စင်မပြည့်စုံလို့ ဆိုင်ကယ်သမားကိုချလံဖြတ်ခိုင်းတာ ပြန်ထွက်သွားပြီးသူ့အကိုဆရာဝန်ကိုသွားခေါ်တယ်တဲ့ ဓားလည်းပါလာတယ် ယာဉ်ထိန်းကမောက်ပြီးလဲတဲ့အချိန်မှာ ဓားနဲ့တစ်ချက်ထိုးလိုက်တာ”ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးစိတ်ထွန်းကပြောသည်။
သေဆုံးမှုနဲ့ပတ်သက်ပြီး အမှတိ၁နယ်မြေရဲတပ်ဖွဲ့စခန်းတွင် ပြစ်မှုပုဒ်မ ၃၀၂ , ၁၁၄ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
7Day

Yangon
0 comments:
Post a Comment