၂၀၁၅ခုနှစ် အတွင်း တစ်ကိုယ်တော် အယ်ဘမ် ထွက်ရန် စီစဉ်နေသည့် Cobra

ရန်ကုန်၊ စက်တင်ဘာ၊ ၁၆။ ''ဆွေးမြေ့အသည်း''သီချင်းနှင့် ဂီတလောကကို စတင် ၀င်ရောက်လာသည့် အဆိုတော် Cobra သည် ၎င်း၏ တစ်ကိုယ်တော် အယ်ဘမ်ကို ၂၀၁၅ ခုနှစ် အတွင်း၌ ထွက်ရှိ နိုင်ရန် စီစဉ်လျက် ရှိသည်ဟု ၎င်းက မဇ္စျိမကို ပြောသည်။



"ထွက်မယ့် အယ်ဘမ်ရဲ့ ခေါင်းစဉ်တော့ မပေးရ သေးပါဘူး။ အချိန်မရတဲ့ ကြားကနေပြီး သီချင်းတွေကို ဖန်တီးနေ ရတာပါ။အကောင်းဆုံး ဖြစ်ရအောင်တော့ ကြိုးစား နေပါတယ်။ တစ်ယောက်တည်း ရေးနေရတာ ဆိုတော့ ကြာနေ တာပါ။အနုပညာရှင် တွေက စိတ်နုတော့ အသဲကွဲချိန် သီချင်းရေးရင် လတ်ဆတ်တယ်။ အဲဒီအချိန်က သီချင်းတစ်ပုဒ် ကောင်းကောင်း လုပ်နိုင် တာပေါ့။ ကျွန်တော် ကိုယ်တိုင်လည်း အသဲကွဲဖူးတာပေါ့"ဟု Cobra ကပြောသည်။

၎င်း၏ တစ်ကိုယ်တော် အယ်ဘမ်တွင် ကိုယ်တိုင် ရေးစပ် ထားသည့် သီချင်း (၁၀)ပုဒ် ပါဝင်ပြီး Featuring အနေဖြင့် ဖြူဖြူကျော်သိန်းက ပါဝင် သီဆိုမည် ဖြစ်ကာ စလိုးရော့ခ်၊ မော်ဒန်ရော့ခ်များ ပါဝင်မည်ဟု ၎င်းက ပြောသည်။ အဆိုတော် Cobra သည် အိမ်ထောင်သည် ဘ၀နှင့် လူပျိုဘ၀ တို့တွင် သီချင်း ရေးစပ် ခြင်းသည် အမြင်မတူပဲ ကွဲပြား လာသည်ဟု ပွင့်လင်းစွာ ပြောသည်။ ၎င်းသည် တေးရေး ဆရာများတွင် တေးရေး ကေအေတီကို အကြိုက်ဆုံးဟု ပြောခဲ့ပြီး ယောက်ျားလေး တစ်ယောက် အသဲတစ်ခါ ကွဲပါက ကုန်ကြမ်း အနေဖြင့် သီချင်းတစ်ပုဒ် ရသည်ဟု Cobra က ထပ်မံ ပြောခဲ့သည်။ ၎င်းသည် One Man Show လုပ်ရန် အစီအစဉ် မရှိသေးကြောင်း ဆိုသည်။
Mizzima

0 comments:

Post a Comment