အကောင်းဆုံးဘဏ်အဖြစ် ကမ္ဘောဇဘဏ် ရရှိ


မြန်မာနိုင်ငံတွင် အ ကောင်းဆုံးဘဏ်အဖြစ် ကမ္ဘောဇဘဏ်ကို နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာမဂ္ဂဇင်း Euromoneyကရွေးချယ်လိုက်သည်။ 

Euromoneyသည် မြန်မာ နိုင်ငံတွင်ရှိသော ဘဏ်အားလုံးကို ဘဏ်နှင့်ပတ်သက်သောဝန် ဆောင်မှုများ၊ ပြည်သူများကြား တွင် လုပ်ဆောင်နိုင်မှုများနှင့် ဘဏ်၏အခြေခံအချက်အလက် များပေါ်မူတည်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ 

ထို့အပြင် မြန်မာနိုင်ငံတွင်ရှိ သော ဘဏ်လုပ်ငန်းနှင့်စီးပွားရေး လုပ်ငန်းများတွင်လည်းအခွန်အ များဆုံးပေးဆောင်သည့်အဖွဲ့အ စည်းဖြစ်ခြင်းကြောင့်လည်းဖြစ် သည်ဟု Euromoneyကဆို သည်။ 

ကမ္ဘောဇဘဏ်၏ မတည် ရင်းနှီးငွေသည်ကျပ်ဘီလီယံ၁၃၀ ခန့်ရှိပြီး မြန်မာနိုင်ငံ၏ဘဏ်များ တွင် အများဆုံးရင်းနှီးမြှုပ်နှံထား သောဘဏ်ဖြစ်သည်။ နိုင်ငံတော်မှချေးသော ချေးငွေပမာဏများ တွင်လည်း ကမ္ဘောဇဘဏ်များက ချေးငွေအများဆုံးထုတ်ပေးသော ဘဏ်ဖြစ်သည်ဟုဆိုသည်။ 

‘‘ကမ္ဘောဇဘဏ်ကအခုလို အရေးပါတဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တာကိုလည်းဂုဏ်ယူ ပါတယ်။ စီးပွားရေးပိတ်ဆို့ခဲ့တုန်း က ကန့်သတ်ချက်များစွာနဲ့အင်မ တန်အခက်အခဲတွေရှိခဲ့ပါတယ်’’ ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ပြော သည်။ 

Euromoneyသည် ၁၉၇၆ခု နှစ်တွင် စတင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအ သီးသီးမှ ထုတ်ကုန်တစ်ရာကို စိ စစ်ရွေးချယ်ပေးပြီး ဒေသအသီး သီးမှ ဘဏ်များကိုလေ့လာကာ နှစ်စဉ်ရွေးချယ်ပေးလေ့ရှိသည်။ 

7Day Daily

0 comments:

Post a Comment