ရဲကားတွေရော၊ သေနတ်တွေရော ပါတဲ့ နန်းဆုရတီစိုးရဲ့ Superman သီချင်း


နန်းဆုရတီစိုးက သူ့ရဲ့ ‘Forward’ အခွေထဲက ‘Super man’ သီချင်းကို စက်တင် ဘာ ၁၂ ရက်နေ့ က အမ်တီဗီ ရိုက်ကူးခဲ့ပါတယ်။ ဒါရိုက်တာ အောင်မြတ်ရဲ့ ပုံဖော်ဖန်တီးမှု တွေနဲ့အတူ Superman သီချင်းအတွက် ပြင်ဆင်မှုအပိုင်းများနဲ့ ပတ်သက်ပြီး နန်းဆုရတီစိုး က ပြောပြပါတယ်။

“ဒါရိုက်တာ အောင်မြတ်ရဲ့ အိုင်ဒီယာလေးပါ။ သူလုပ်ထားတဲ့ အိုင်ဒီယာကို နန်းဆု တအားကြိုက်တယ်။ ဒီ Superman သီချင်းလေးကိုဆိုရင် GTR Club၊ ဒီမှာပြီးရင် ယုဇနပလာဇာ ပြီးရင် သာကေတမှာ ခန်းမတစ်ခု ငှားထားပြီးတော့ Setting တွေကို အသစ်ပြန်ဆောက်ထားတယ်။ စိန်တိုက်၊ Setting တွေ လုပ်ရ တယ်။ စိန်တိုက်က မှန်တွေကို ခွဲမှာဆိုတော့ မှန်အစစ်တွေနဲ့ရှာပြီး သေချာပြင် ဆင်ပြီးလုပ်ထားတယ်။ သီချင်းဆိုတဲ့ ကတ်တွေမှာတောင် နောက်ခံမှာ မီးရှို့တာ တွေ၊ ကျည်ပေါက်တဲ့ Background တွေကိုပါ ထည့်မှာဆိုတော့ အဲဒီ Setting တွေကအစ အသေးစိတ် သေချာပြင်ဆင်ထားတယ်။ နန်းဆု ဘာတွေသုံးထား လဲဆိုရင် အမေရိကက SWAT တွေ ဝတ်စုံတွေနဲ့ ရဲတွေရော၊ ရဲကားတွေရော အဲဒီလို စီစဉ်ထားတယ်။ သေချာအသေးစိတ်ကို ပြင်ဆင်ထားတယ်။


ဒါရိုက်တာ လိုချင်တဲ့ ပုံစံလည်းဖြစ်အောင် ကိုယ်ဖြစ်ချင်တာရောပေါ့။ လုပ်မယ့် လုပ်တော့ အမိုက်စားပဲ ဖြစ်ချင်တော့ ကြိုးစားပြီး ပြင်ဆင်ထားတယ်။ ဒီတစ်ပုဒ် တည်းကိုပဲ Setting တွေအများကြီး၊ နေရာတွေ အများကြီးနဲ့ ပုံဖော်ရိုက်ကူး ထားတယ်။ တစ်ပုဒ်တစ်ပုဒ်ကို တော်တော်ကြီးကို အချိန်ပေးပြီး လုပ်ထားတယ်။ သီချင်းမှာဆို ရဲကားတွေရော၊ သေနတ်တွေရော သုံးထားတာဖြစ်တဲ့အတွက် ခွင့်ပြုချက်တွေလည်း အများကြီး ယူခဲ့ရတယ်။ နန်းဆုရဲ့ သီချင်းတိုင်းကို သေချာ အားစိုက်ပြီး အသေးစိတ် ပြင်ဆင်ထားတယ်” လို့ ပြောပြပါတယ်။

နန်းဆုရတီစိုး က Forward အမ်တီဗီ အခွေကို ဒီနှစ်မကုန်ခင်နဲ့ နောက်နှစ်ဆန်း ပိုင်းလောက်ထွက်နိုင်အောင် ကြိုးစားပြင်ဆင် နေတဲ့အတွက် ကားရိုက်တွေကို တော့သေချာညှိနှိုင်း ပြီးမှပဲလုပ်ဖြစ်နေပြီး အခွေအတွက်ပဲ အချိန်ပေးပြီး ဦးစားပေး လုပ်ဖြစ်နေကြောင်း ပြောပြပါတယ်။

0 comments:

Post a Comment