Telenor က ဆင်းမ်ကတ်ရောင်းချမည့် ရက်အတိအကျမသိရသေး


Telenor Myanmar အနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကို ယခုရက်ပိုင်းအတွင်း ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ရောင်းချမည့်ရက် အတိအကျမသိရသေးကြောင်း ယနေ့ကျင်းပသော Myanmar Connect 2014 အခမ်းအနားမှ သိရသည်။

"ဘယ်တော့ရောင်းမလဲ ပြောရရင်တော့ မကြာခင်မှာပဲ ရောင်းချမယ်လို့ပြောပါရစေ" ဟု တယ်လီနောမြန်မာ၏ CEO Peter Furberg ကပြောသည်။ စက်တင်ဘာလ ၁၆ ရက်မှ စတင်ကာ တယ်လီနောဆင်းမ်ကတ် များရောင်းချမည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

"တာဝါတိုင်တွေ ဆောက်နေတာဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာပါပဲ။ ဆင်းမ်ကတ်တွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာ ရောင်းချသွားမှာပါ" ဟု Mr.Peter Furberg ကပြောသည်။
internet journal

0 comments:

Post a Comment