မြန်မာနိုင်ငံသားများ လုံခြုံရေးကိစ္စအား အလေးအနက်ထားပြီး ဆောင်ရွက်ပေး သွား မည်ဟု ဆိုသော်လည်း မလေးရှားရောက်မြန်မာနှစ်ဦး ထပ်မံအသတ်ခံရ


မြန်မာ လူမျိုးများကိုရွေးချယ်ပြီး အကြမ်း ဖက်သတ်ဖြတ်မှုများအား တားဆီး ရန်နှင့် မြန်မာနိုင်ငံသားများ၏ လုံခြုံ ရေးကိစ္စကို အလေးအနက်ထား ဆောင်ရွက်ပေးသွားမည်ဟု မလေး ရှားအစိုးရက ပြောကြားခဲ့သော် လည်း၊ အလားတူ စက်တင်ဘာ ၁၅ ရက်က ကျင်းပသော အမျိုးသား လွှတ်တော်တွင် ပြည်ထဲရေးဒုတိယ ဝန်ကြီးက မလေးရှားနိုင်ငံမှ တာ ဝန်ရှိသူများအား သွားရောက်တွေ့ ဆုံပြီး မလေးရှားနိုင်ငံ၌ မြန်မာနိုင် ငံသားများအား ထပ်မံအကြမ်းဖက် တိုက်ခိုက်မှုမရှိစေရေးအတွက် ကာ ကွယ်စောင့်ရှောက်ပေးရန် တောင်း ဆိုခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သော် လည်း စက်တင်ဘာ ၁၅ရက်တွင် ပင် မလေးရှားရောက် မြန်မာနှစ်ဦး အသတ် ခံရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
မလေးရှားနိုင်ငံ ပါမာတန်တီ ဂီ၊ ဂျာလန်ကမ်ပန်မန်ဂီစ်ရှိ ဆီအုန်း စိုက်ခင်းတစ်ခင်းတွင် ဓားထိုးဒဏ် ရာဖြင့် အသတ်ခံရသည့် မြန်မာလူ မျိုးနှစ်ဦး အလောင်းတွေ့ရှိရကြောင်း၊ Thestar အွန်လိုင်းမီဒီယာဖော်ပြ ချက်အရ သိရသည်။
သေဆုံးသူနှစ်ဦးစလုံးမှာ အ သက် ၃ဝဝန်းကျင်ဖြစ်ပြီး ခန္ဓာကိုယ် တွင် ဓားထိုးဒဏ်ရာများစွာတွေ့ရ ပြီး မျက်နှာများတွင်လည်း ကုတ်ခြစ် ရာများတွေ့ရကြောင်း၊ တစ်နေရာရာ တွင် သတ်ပြီးလာပစ်ထားခြင်းဖြစ်နိုင်ကြောင်း မှုခင်းထောက်လှမ်းရေး အဖွဲ့ဝါရင့် လက်ထောက်တပ်မှူးမာ့ဇ် လန်ကေးဆာက ပြောကြားခဲ့သည်။
အသတ်ခံရသူနှစ်ဦးအနက် တစ်ဦးတွင် အလုပ်လုပ်ခွင့်လက်မှတ်ရှိ ကြောင်း အဆိုပါသတင်းဌာနကဖော် ပြထားသည်။
ယင်းနေ့တွင်ပင် မလေးရှားနိုင်ငံ ၌ မြန်မာလူမျိုးများကိုရွေးချယ်ပြီး အကြမ်းဖက် သတ်ဖြတ်မှုများအား တားဆီးရန် လုပ်ဆောင်နေမှုနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၅ရက် နေ့က အမျိုးသားလွှတ်တော် ကိုယ် စားလှယ်တစ်ဦးမှ လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့ပြီး မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများအား ထပ်မံအ ကြမ်းဖက်တိုက်ခိုက်မှုမရှိစေရေးအ တွက် ကာကွယ်စောင့်ရှောက်ပေးရန် နှင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအ ပေါ်တွင် ကျူးလွန်ခဲ့သည့် တရားခံ များအား အမြန်ဆုံးဖော်ထုတ်ပေး ရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာ နထံတောင်းဆိုခဲ့ရာ မြန်မာနိုင်ငံသား များလုံခြုံရေးနှင့်ကိစ္စအား အလေးအနက်ထား ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒု တိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က ဖြေကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နိုင်ငံဖြတ် ကျော်မှုခင်းဌာနအနေဖြင့်လည်း မ လေးရှားနိုင်ငံ အပြည်ပြည်ဆိုင်ရာရဲ အဖွဲ့၊ အာဆီယံရဲအဖွဲ့အတွင်းရေးမှူး ရုံး၊ မလေးရှားနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ဆက်သွယ်ပူးပေါင်းပြီးကူညီဆောင် ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယဝန်ကြီးကပြောကြားခဲ့ သည်။


Democracytoday

0 comments:

Post a Comment