မန္တလေးဆူပူမှုတွင် အဓိကပါဝင်ခဲ့သူ ရဲထွဋ်နှင့် နုနုမြတ်တို့အား ပျဉ်းမနားတရားရုံးမှ (လဝက)ဥပဒေဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ်ချမှတ်


မန္တလေးဆူပူမှုတွင် အဓိကပါဝင်ခဲ့သူ ရဲထွဋ်နှင့် နုနုမြတ် တို့အား နေပြည် တော်ကောင်စီနယ်မြေ ပျဉ်းမနား တရားရုံးမှ (လဝက)ဥပဒေဖြင့် အ လုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ်ချ မှတ်ခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၁၅ရက် (၁၈)ကြိမ်မြောက်ရုံးချိန်းတွင် မန္တလေး ဆူပူမှုတွင် အဓိက ပါဝင်ပတ်သက် သည်ဟု ရဲထွဋ်နှင့် နုနုမြတ်အား အရေးပေါ်စီမံချက်ဥပဒေ-၅(ဃ)(င)(ည)နှင့် လိမ်ညာမှု(၂၁၁)တို့ဖြင့် စုံစမ်းစစ်ဆေး မှုကို ခံယူရမည်ဖြစ်ပြီး၊ ယင်းအမှုတွင် ကတုံးမ(ခ)ဖြူဖြူမင်း၊ ဟာဂျီထွန်းထွန်းနှင့် ဒေါ်မာမာနီတို့ ပါဝင်ကြောင်း သိရသည်။

''မနုနုမြတ်က နိုင်ငံသားကတ် နှစ်ခုကိုင်ဆောင်မှု၊ မနုနုမြတ် နိုင်ငံ သားကတ်နှစ်ခု ကိုင်ဆောင်ထားတာ ကို ကိုရဲထွဋ်က သိလျက်နဲ့ အားပေး အားမြှောက်လုပ်တယ်ဆိုပြီး ဒီအမှု ကို စီအိုင်ဒီရုံးက တင်ခဲ့တယ်။ အခု ဒီအမှုနဲ့ ဒီနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်နှစ် ချလိုက်ပါတယ်''ဟု ကိုရဲထွဋ်၏ရှေ့နေက ပြောကြား ခဲ့သည်။

ယနေ့ပြုလုပ်သော (၁၈)ကြိမ် မြောက်ရုံးချိန်းတွင် အရေးပေါ်စီမံ ချက်ဥပဒေနှင့် ပုဒ်မ-၂၁၁မှ တရား လိုပြသက်သေ လေးဦးစစ်ဆေးခဲ့ပြီး၊ စီအိုင်ဒီမှ မန္တလေးဆူပူမှုတွင် အဓိ က ပါဝင်သည်ဟု နောက်တိုးတရား ခံတစ်ဦး တင်ပြရာတွင် တရားရုံးမှ ပယ်ချခဲ့ကြောင်း သိရသည်။

MP
Democracytoday

0 comments:

Post a Comment