ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်သောယာဉ် ချောက်ထဲသို့ထိုးကျတိမ်းမှောက်၍ ၁ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ


၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ ည ၁၀ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၅၆/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ဘောနီအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်နေ မျိုးဇော်ဝင်း(၃၂)နှစ် မောင်းနှင် လာသော 2C/xxxx ပရာဒိုခဲရောင်ယာဉ်မှာ ယာဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် ဘေးရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ(၇)ဦးအနက် ယာဉ်မောင်း မျိုးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့၊ ဗိုလ်ဥတ္တမလမ်းနေ ဦးခင်မောင်လွင်(၅၅)နှစ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြ၀တီရိပ်သာနေ ဦးတင်ရွှေ(၅၆)နှစ်နှင့် ဦးသန်းစိုးဦး (၃၁)နှစ်တို့ ၄ ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ပဲခူးဆေးရုံသို့တင်ပို့ကုသစဉ် ဦးခင်မောင်လွင်မှာ ရရှိသောဒဏ်ရာများဖြင့် လမ်းတွင်သေဆုံးသွားခဲ့ကာ ယာဉ်မှာ ရှေ့ဘန်ဘာပြုတ်ထွက်၊ ရှေ့/နောက် လေကာမှန်ကွဲ၊ ၀ဲ/ယာတံခါးများကျိုးပဲ့ပျက်စီး၊ ရှေ့/နောက်မီးသီးကွဲ၍ တန်ဘိုးငွေကျပ်သိန်း(၅၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် မျိုးဇော်ဝင်းအား ဘောနီအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment