မြန်မာ့တပ်မတော်မှ အမျိုးသမီး ဗိုလ်လောင်းများ ယနေ့သင်တန်းဆင်း



မြန်မာ့တပ်မတော်မှ အမျိုးသမီးဗိုလ်လောင်းများ ယနေ့သင်တန်းဆင်းကာ အရာရှိများ အသီးသီး ဖြစ်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးဗိုလ်လောင်းများအတွက် လျှောက်လွှာခေါ်ယူခဲ့ရာမှာ စံချိန်တင် ဗိုလ်လောင်းလျှောက်လွာ ၄သိန်းခွဲ ခန့်ရရှိခဲ့ပြီး ၎င်းတို့ထဲမှ စံကာတင် အယောက် ၁၀၀ ခန့် ရွေးချယ်သင်တန်းပေးခဲ့ခြင်း ဖြစ်ပါတယ်။ အမျိုးသားဗိုလ်လောင်းလျှောက်လွှာ DSA,DSTA နဲ့ DSMA ကျောင်းသုံးကျောင်းပေါင်းလျှောက်လွှာတောင်မှ တစ်သိန်းမကျော် ခဲ့ပါဘူး။ စံအဖြစ် ကျောင်းသုံးကျောင်းပေါင်းတောင် တစ်သိန်းခွဲသာရှိခဲ့ဘူးတယ်လို့ သိရပါတယ်။ မြန်မာ့တပ်မတော်မှာ 
တာဝန်ထမ်းဆောင်လိုတဲ့ အမျိုးသမီးများစွာ ရှိတယ်ဆိုတဲ့ အဓိပ္ပာယ် ပါ။ ယခုလို မြန်မာ့တပ်မတော်မှာ
သမီးကောင်းဇာနည်တွေရောက်ရှိလာတဲ့ အတွက် တိုင်းပြည်အတွက် အားရစရာပါ။ နောက်ထပ် 
အမျိုးသမီး ဗိုလ်လောင်းသင်တန်းအပတ်စဉ်တွေ ထပ်ဖွင့်သွားမယ်ဆို လျှောက်လွှာထပ်တင်အုံးမယ်လို့
ပထမအကြိမ် လျှောက်လွှာတင်စဉ်က ရွေးချယ်မခံခဲ့ရတဲ့ မာစတာ ကျောင်းသူ တစ်ဦးက ဆိုပါတယ်။
သူမက ငယ်ငယ်တည်းက ဗိုလ်ကြီးမမ လုပ်ပြီး တိုင်းပြည်အကျိုးသယ်ပိုးချင်သူပါ လို့ ၎င်းရဲ့ ရည်မှန်းချက်ကို
ပြောဆိုခဲ့ပါတယ်။

နန္ဒကျော်စွာ(ပြည်သူ့ခေတ်)

0 comments:

Post a Comment