အလှမယ်တစ်ဦး လိင်တူဆက်ဆံသူဖြစ်နေ

၂၀၁၃ Miss Spain ဖြစ်သူ Patricia Yurena ဟာ လိင်တူဆက်ဆံသူဖြစ်ကြောင်း သိရှိခဲ့ရတာကြောင့် ပရိသတ်များ အံ့အားသင့်ခဲ့ရပါတယ်။ Patricia ဟာ ဓာတ်ပုံတစ်ပုံကို အွန်လိုင်းမှာ တင်ခဲ့တာဖြစ်ပြီး ဒီပုံဟာ သူ့ရဲ့မိန်းကလေးရည်းစား Vanesa Klein နဲ့ အတူအိပ်နေတဲ့ပုံဖြစ်ပါတယ်။

Vanesa Klein ဟာ စပိန်အဆိုတော်တစ်ဦးဖြစ်ပြီး DJ သမားတစ်ဦးလည်း ဖြစ်ပါတယ်။
'Romeo and Juliet’ လို့ခေါ်တဲ့ ဒီပုံဟာ လွန်ခဲ့တဲ့ သုံးရက်က Instagram မှာ တင်ခဲ့တာဖြစ်ပြီး လိုက်ခ် ၅၀၀၀ လောက်ရရှိနေပြီလို့ ဆိုပါတယ်။

The Local ရဲ့အဆိုအရ ဒီဓာတ်ပုံနဲ့ပက်သက်ပြီး
“ကျွန်မလုပ်ခဲ့တာကို ကျွန်မဝမ်းမနည်းဘူး။ ကျွန်မဘဝကို ကျွန်မပျော်လို့ လုပ်လိုက်တာပဲ”လို့ အလှမယ် Patricia က ပြောကြားခဲ့ပါတယ်။

Patricia ဟာ Miss Spain သရဖူကို ၂၀၀၈ နဲ့ ၂၀၁၃ ခုနှစ်တွေမှာ ထူးထူးခြားခြား နှစ်ကြိမ်ရထားသူလည်းဖြစ်ပါတယ်။
“ရှင်တို့အားလုံးရဲ့ကော်မန့်တွေအတွက် ကျေးဇူးတင်တယ်။ ဓာတ်ပုံကို ဘာရည်ရွယ်ချက်မှမရှိဘဲ ဒီလိုဘဲ တင်လိုက်တာပါ။ ရှင်တို့အားလုံးရဲ့ထောက်ခံမှုတွေအတွက် ကျေးဇူးတင်ပါတယ်”လို့ စပိန်အလှမယ်က ဓာတ်ပုံနဲ့ပက်သက်ပြီး တွစ်တာမှာ ထပ်မံရေးသားခဲ့ပါတယ်။
ဖိုးသူတော်

0 comments:

Post a Comment