နာမည်ကျော် Apple ကုမ္ပဏီသည် စက်တင်ဘာလတွင် iPhone သစ်နှစ်မျိုးနှင့်အတူ ဝတ်ဆင်နိုင်သည့် ထုတ်ကုန်တစ်မျိုးကို မိတ်ဆက်ပေးဖွယ်ရှိကြောင်း Re/code မှ ဖော်ပြခဲ့သည်။
Re/code မှ ဂျွန်ပက်စ်ကိုစကီး၏ ပြောကြားချက်အရ Apple သည် စက်တင်ဘာလတွင် ကုမ္ပဏီ၏ ပထမဦးဆုံး ဝတ်ဆင်နိုင်သည့် ထုတ်ကုန်ကို မိတ်ဆက်ဖွယ်ရှိကြောင်း သိရသည်။ ပက်စ်ကိုစကီးသည် အဆိုပါ ထုတ်ကုန်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။ ထို့အပြင် အဆိုပါ ထုတ်ကုန်ကို ခေါ်ဆိုမည့် အမည်ကိုလည်း ၎င်းက ပြောကြားခဲ့ခြင်း မရှိပေ။
သို့သော်လည်း အဆိုပါ ထုတ်ကုန်သည် iOS 8 တွင် ပါဝင်လာသည့် Apple ၏ HealthKit နှင့် အသုံးပြုနိုင်ကာ သုံးစွဲသူ၏ ကျန်းမာရေး အချက်အလက်ကို ခြေရာခံပေးနိုင်မည်ဟု ဆိုသည်။
ထို့အပြင် ၎င်း ဝတ်ဆင်နိုင်သည့် ထုတ်ကုန်ကို Apple HomeKit software နှင့်တွဲဖက်ကာ အိမ်အတွင်းရှိ အရာများကို ထိန်းချုပ်နိုင်မည်ဟု သိရသည်။
Ref: HuffingtonPost

Yangon
0 comments:
Post a Comment