အရှင်လတ်လတ် မြေမြုတ်ခံရသည့်ခလေးငယ်၏ မိခင်လည်း ပျောက်ဆုံးနေ


အရှင်လတ်လတ် မြေမြုတ်ခံရသည့်ခလေးငယ်၏ မိခင်လည်း ပျောက်ဆုံးနေAlok Kumar ဆိုသူသည် အိန္တိယနိုင်ငံ ၊Sitapur ခရိုင်၊ Maanpur ကျေးရွာတွင်ယာခင်းအလုပ် မှ အပြန်ပိုင်း ကြံခင်းအတွင်ီးးအတွင်းမှ ခလေးငယ်ငိုယိုသံ မကြီးကြားသဖြင့် တူးဆွှ ကြည့်သော အခါ သေလုမြောလုနီးပါးဖြစ်နေသော မိန်း ခလေး ငယ် တစ်ဦးအား ကယ်ဆယ်ရသည်ဟု ဆိုပါသည်။

ခလေးငယ်မှာ အသက် ၅ နှစ်အရွယ်ခန့်ရှိ ၊ Tanu ဆိုသူ ဖြစ်ပြီး အနီးစပ်ဆုံး ရဲစခန်းသို့ ပို့ဆောင်ကာ မေးမြန်းမူပြုလုပ်သဖြင့် Semri Gaura ကျေးရွာတွင် မိခင် Renu Awasthi ဆိုသူနှင့် အတူ နေထိုင်ကာ အဒေါ်နှင့် ဥိးလေးတော်သူက ရောင်းစားရန်ကြံစည်ကြောင်း မအောင်မြင်သော အခါ အရှင်လတ်လတ် မြေမြုတ်လိုက်ခြင်းဖြစ်သည်ဟု ရဲဌာနမှ ပြောဆိုပါသည်။


မိခင်နေထိုင်ရာ နေအိမ်သို့အကြောင်းကြားသောအခါ မိခင်ဖြစ်သူမှာ လွန်ခဲသော သြဂုတ် ၂၀ ရက်နေမှ စတင်ကာ နေအိမ်သို့ပြန်ရောက်ခြင်း မရှိကြောင်းကို သိရသဖြင့် ရုပ်မြင်သံကြားအစိစဉ်မှ တဆင့် အကြောင်းကြားသောအခါ မိခင်ဖက်မှ ဖွားအေဖြစ်သူလာရောက်စုံစမ်းသည်ဟုဆိုပါသည်၊

ဖွားအေဖြစ်သူပြောပြချက်အရ Tanu ၏ မိခင်ဖြစ်သူသည် လည်း လွန်ခဲ့သည့်ရက်အနည်းငယ်က လာရောက်ခဲ့ပြီး ပျောက်ဆုံးနေသဖြင့် သက်ဆိုင်ရာမှ လိုက်လံရှာဖွေသည်ဟုဆိုပါသည်။

Tuangpu Siyin
ကိုးကား Dailymail

0 comments:

Post a Comment