ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာမှုမရှိဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်


ရန်ကုန်တိုင်းအစိုးရက မြို့သစ်တခုတည်ဆောက်မယ့်စီမံကိန်းကို တင်ဒါမခေါ်ပဲ ကုမ္ပဏီတခုကို ပြိုင်ဖက်မရှိခွင့်ပြုခဲ့တာဟာ ပွင့်လင်းမြင်သာမှုကင်းမဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်ပါတယ်။

ဒီကိစ္စဟာ လက်ရှိအစိုးရ တာဝန်ယူခဲ့ချိန်ကစပြီးပြောဆိုခဲ့တဲ့ ကတိစကားတွေနဲ့ ကွဲလွဲနေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။


"ဒီအစိုးရစတက်ကတည်းကပြောနေတာ ဘယ်လောက်ပေးဆပ်မှုလည်းဆိုတာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုဆိုပြီးတော့ ခုကျတော့ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုလို့ရှိရင် good government ဆိုတဲ့ဒီသဘောတရားကို လက်လျော့လိုက်ပြီလားဆိုတာ မေးရတော့ မလိုဖြစ်နေပါတယ်"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ် အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်ဦးနဲ့တစ်ဦး သဘောထားလွဲလွဲမှုနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာ လူတွေမှာ

တူညီတဲ့ ရည်ရွယ်ချက်ရှိမယ်ဆိုရင် မတူညီတဲ့အမြင်တွေကို ညှိနှိုင်းလို့ရမှာဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

RFA Burmese

0 comments:

Post a Comment